ရန်ကုန်-မော်လမြိုင် ရထားလမ်း
ရန်ကုန် - မော်လမြိုင် ရထားလမ်း သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ တို့ကို ပဲခူးတိုင်းမှတဆင့် ဖြတ်သန်းဆက်သွယ်ထားသော မီတာဂေ့ချ် ရထားလမ်းဖြစ်ကာ မြန်မာ့မီးရထားက စီမံခန့်ခွဲသည်။ သံလမ်းမိုင်: ၃၈၆.၇၅ မိုင် ရှည်လျားပြီး တံတားပေါင်း: ၈၃၂ စင်း နှင့် ဘူတာရုံပေါင်း: ၈၂ ခု ရှိသည်။ သမိုင်းကြောင်းရန်ကုန် - တောင်ငူလမ်းပိုင်းကို ၁၈၈၅ခုနှစ် ဇူလှိုင်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး စုစုပေါင်း ကုန်ကျငွေမှာ ရူးပီးငွေကျပ် (၁၃) သန်းဖြစ်သည်။ ထို့နောက် ပဲခူးမြို့မှ ညောင်ခါးရှည်လမ်းပိုင်း ၁၉၀၇ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင်လည်းကောင်း ၊ ညောင်ခါးရှည် - ကျိုက်ထိုလမ်းပိုင်းကို ၁၉၀၇ခုနှစ် ဇူလှိုင်လ(၁)ရက်နေ့တွင်လည်းကောင်း ၊ ကျိုက်ထို - ကော့ကဒွတ်လမ်းကို ၁၉၀၇ခုနှစ် စက်တင်ဘာလ(၁၄)ရက်တွေလည်းကောင်းနှင့် ၁၉၀၇ခုနှစ် စက်တင်ဘာခ(၂၅)ရက်တွေလည်းကောင်း အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုချိန်က မော်လမြိုင်သို့ တိုက်ရိုက်ရထားလမ်း မရှိသေးဘဲ မော်လမြိုင်မြို့များသို့သွားရန်အတွက် မုတ္တမမြို့မှ ကူးတို့လှေ၊ သင်္ဘောများကို တဆင့်စီးရသည်။ သံလွင်တံတားကြီးကို ၂၀၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ထိုတံတားကြီးမှ မီးရထားလမ်းဖြင့် မော်လမြိုင် ဘူတာသစ်သို့ ဆက်သွယ်ထားသည်။ [၁] [၂] ဘူတာရုံများရန်ကုန်-ပဲခူး-မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်း
ကိုးကား
|
Portal di Ensiklopedia Dunia