ကုန်းဘောင်ခေတ် အလံများ
ကုန်းဘောင်ခေတ်တွင် မြန်မာမင်းတို့ အသုံးပြုခဲ့သော အလံများအနက် ယေဘုယအားဖြင့် အရေးကြီးဆုံး အလံမှာ ၃-မျိုးရှိသည်။
နိုင်ငံတော် ကိုယ်စားပြုသော ဒေါင်းအလံတော်![]() တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော ဒေါင်းအလံတော်ကို ရန်ကုန်မြို့ ဘုရင့်တံတားအနီးတွင် စိုက်ထူထားသည်။ ထိုအလံတော်အနီးမှာ အလံတော်တင်အစို့(အဖွဲ့) နှင့် လက်နက်ကိုင် အစို့တစ်စို့ ရှိသည်။ ထိုဒေါင်းအလံတော်ကို ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်သည်အထိ ရှိသည်။ ထိုစစ်ပွဲ ပြီးသည့်နောက် မြန်မာတို့ အရေးနိမ့်သဖြင့် မြန်မာ့ဒေါင်းအလံနေရာတွင် ယူနီယံဂျက်အလံကို လွှင့်ထူထားသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတို့ အရေးနိမ့်ခဲ့စဉ်က ရခိုင်၊ တနင်္သာရီနယ်နှင့် စစ်စရိတ် တစ်ကုဋေကို အင်္ဂလိပ်တို့အား ပေးရသည်။ ယင်းစရိတ် မကျေမီ အင်္ဂလိပ်တို့က ရန်ကုန်ကို သိမ်းပိုက်ထားသဖြင့် စစ်စရိတ်ငွေ ပေးပြီးမှ ရန်ကုန်မြို့ ဘုရင့်တံတားအနီးတွင် စိုက်ထူထားသော အင်္ဂလိပ်အလံကို ချ၍ မြန်မာအလံတော်ကို စိုက်ထူခဲ့ရပြန်သည်။ သက္ကရာဇ် ၁၁၈၈-ခု၊ နတ်တော်လဆန်း(၁၀)ရက်နေ့တွင် ဟံသာဝတီ၊ ရန်ကုန် ဘုရင့်တံတားအနီးတွင် စိုက်ထူထားသည့် အင်္ဂလိပ်အလံကို ချပြီး ပိတ်ဖြူအလျား ကိုးတောင်၊ အနံခြောက်တောင်၊ အလယ်အနီသွတ် ဥဒေါင်းရုပ်ပန်းခက်ကိုက် အထွတ်ရွှေထည်၊ မြန်မာ့အလံတော်ကို အလံတော်တင်ပွဲ အခမ်းအနား ကျင်းပ၍ နတ် ယမကာ၊ အတီးအမှုတ် စုံလင်စွာနှင့် အက အခုန်အစုံ ပြုလုပ် ပြီးလျှင် အမြောက် သုံးချက်ဖောက်ကာ အဝေးရောက်စာရေး ဇေယျကျော်ထင် နော်ရထာနှင့် ရတနာပုံတိုက်စိုး ဇေယျနော်ရထာ တို့ကြီးကြပ်၍ တင်ထားမြဲ တင်ထားနိုင်သည်။ ထို့နောက်မှ အင်္ဂလိပ်ဗိုလ်ချုပ် အင်္ဂလိပ်အရေးပိုင်တို့သည် စကားပြောစရာများကို ပြောဆို ပြေလည်သည့်အခါမှ နောက်ပါ ဗိုလ်မှူး၊ တပ်မှူး၊ စစ်သားတို့ကို ရုပ်သိမ်း၍ ဟံသာဝတီ ရန်ကုန်မှ ထွက်ခွာသွားကြသည်။ ဤစာတမ်းကို ထောက်ရှု၍ မြန်မာတစ်နိုင်ငံလုံး ကိုယ်စားပြုသော အလံတော်၏ အတိုင်းအတာ ဥဒေါင်းရုပ်ပါသော အလံတော် အကြောင်းကို သိနိုင်ပေသည်။ သူရဲကြီးအလံတော်သူရဲကြီးအလံမှာ စစ်ချီရာတွင်လည်းကောင်း၊ မင်းခမ်းမင်းနားတွင်လည်းကောင်း အသုံးပြုသည်။ ဒေါင်းအလံကဲ့သို့ တစ်နိုင်ငံလုံးအသုံးပြုသော အလံမဟုတ်ပေ။ ပုံသဏ္ဌာန်အရောင်အသွေးမှာ အမြီးသုံးခွ၊ တံခွန်နီ၊ အလယ်၌ နေမင်းထွက်ဟန်၊ ငွေရောင်အဝါလုံး သွတ်ထားသည်။ ထိုအဝါလုံး ပတ်လည်တွင် အရုပ် ၇-ရုပ်၊ အရောင် ၇-မျိုး ဝိုင်းပတ်ထားပါသည်။ ထို အရုပ် ၇-ရုပ်၊ အရောင် ၇-မျိုးမှာ-
ထို့ကြောင့် ဤအကြောင်းနှင့်ပတ်သက်၍ သုတသောမပျို့တွင် အောက်ပါအတိုင်းဖွဲ့ဆိုထားသည်။
ဝင်းအလံတော်အရှေ့ငွေရောင် ဝင်းဝင်းပြောင်၊ တောင်ကား မြပမာ။ ဖလ်ရောင်အနောက် ဖိတ်ဖိတ်တောက်၊ မြောက်ကား ရွှေတိဿာ။ ဝင်းအလံတော်မှာ နန်းတော်ဝင်းကို အစွဲပြု၍ ဝင်းအလံဟု ခေါ်သည်။ ပုံသဏ္ဌာန်မှာ ကြက်လျှာ ပုံသဏ္ဌာန်ရှိသည်။ အရောင်မှာ အရှေ့ဝင်းတွင် အဖြူရောင်၊ တောင်ဝင်းတွင် အစိမ်းရောင်၊ အနောက်ဝင်းတွင် အပြာရောင်၊ မြောက်ဝင်းတွင် အဝါရောင် ဖြစ်သည်။ အလံတော်များကို ဝင်းမှူးလေးဦးက ကြီးကြပ်ရသည်။ ၁၈၈၅-ခု၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ပြီးဆုံး၍ တစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက် ကျွန်သပေါက်အဖြစ်သို့ ရောက်သဖြင့် နိုင်ငံတော်ကို ကိုယ်စားပြုသော ဒေါင်းအလံသည် ကွယ်ပျောက်သွားလေတော့သည်။ [၂] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia