ကွတ်ခိုင်မြို့နယ်
ကွတ်ခိုင်မြို့နယ် သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကွတ်ခိုင်မြို့ ဖြစ်သည်။[၃] ပထဝီဝင်အရှေ့ဘက်တွင် လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ်နှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။[၄] မြောက်ဘက်တွင် မူဆယ်မြို့နယ်၊ အရှေ့ဘက်တွင် ကွမ်းလုံမြို့နယ်နှင့် သံလွင်မြစ်၊ တောင်ဘက်တွင် သိန္နီမြို့နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်တို့ဖြင့် နယ်နမိတ် ဆက်စပ်လျက်ရှိသည်။ ကွတ်ခိုင်မြို့နယ်ကို ၁၉၇၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၅ ခုနှင့် ကျေးရွာ ၆၄၀ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ အကျယ်အဝန်းမှာ ၇.၀၆ စတုရန်းမိုင် ဖြစ်သည်။ ရာသီဥတုမေလမှ အောက်တိုဘာလအထိ မိုးရွာသွန်းလေ့ရှိပြီး တစ်နှစ် ပျမ်းမျှမိုးရေချိန်မှာ ၇၀ လက်မ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၄၀၀ ကျော်တွင် တည်ရှိပြီး အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လေ့မရှိပေ။ ဖွံ့ဖြိုးမှုကွတ်ခိုင်မြို့နယ်တွင် အထက်တန်းကျောင်း ၄ ကျောင်း၊ အထကခွဲ ၁ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀ နှင့် မူလတန်းကျောင်း ၁၀၂ ကျောင်း ရှိသည်။ ၂၅ ကုတင်ဆန့်ဆေးရုံ ၂ ခု၊ ၁၆ ကုတင်ဆန့် ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ခုနှင့် တိုက်နယ်ကျန်းမာရေးဌာန ၂ ခု ရှိသည်။
အထင်ကရ ပုဂ္ဂိုလ်များ
ကိုးကား
|
Portal di Ensiklopedia Dunia