ပင်လောင်းမြို့
ပင်လောင်းမြို့ (ရှမ်း: ဝဵင်းပၢင်လွင်း၊ ပအိုဝ်း: ဝေင်ꩻပင်လောင်ꩻ) သည် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှ မြို့တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ ဖြစ်သည်။ နိုင်ငံခြားဧည့်သည်များ လာရောက်ရာ အင်းလေးကန်သည် ယင်းမြို့နယ်ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည်။[၁][၂] လွိုင်ကော်မြို့သို့ ဆက်သွယ်ထားသော အမှတ် ၅၄ အမျိုးသားအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကလော-လွိုင်ကော် မီးရထားလမ်းသည် မြို့၏ အလယ်မှ ဖြတ်သန်းသွားသည်။[၃][၄] ![]() ပင်လောင်းဒေသ၏ အဓိကစီးပွားရေးမှာ လက်ဖက်ခြောက်လုပ်ငန်းများ ဖြစ်သည်။ လူမှုပထဝီဝင်ပင်လောင်းမြို့သည် ပအိုဝ်းလူမျိုးနှင့် ရှမ်းလူမျိုးများ အဓိကနေထိုင်သော မြို့တစ်မြို့ဖြစ်သည်။[၅] ခရီးသွားလုပ်ငန်းပင်လောင်းမြို့တွင်တည်ရှိသော မွေတော်ဘုရား၊ နန်းဟူးကျောင်းတိုက်၊နှင့် ရိုးရာလက်မှုပစ္စည်းဈေးတို့သည် ခရီးသွားများ လည်ပတ်ရာနေရာများ ဖြစ်သည်။ မြို့မှ မိနစ်နှစ်ဆယ်ခန့် အကွာတွင် လွိုင်မောင်တောင် စေတီ တည်ရှိသည်။ စေတီသည် ဒေသတွင်းရှိ အမြင့်ဆုံးတောင်ဖြစ်သော လွိုင်မောင်တောင်တွင် တည်ရှိသည်။ မြို့အပြင်တွင် သမိုင်းဝင် ဝင်္ဂဘာတောင် တည်ရှိပြီး ယင်းသည် ပင်လောင်းမြို့မှ ၃.၅ မိုင် (၅.၆ ကီလိုမီတာ)အကွာ တောင်ထီဗွာရွာတွင် တည်ရှိသည်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia