တန့်ယန်းမြို့နယ်
တန့်ယန်းမြို့နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ တန့်ယန်းခရိုင်၊ ရှမ်းပြည်နယ်တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ တန့်ယန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ပန်လုံပျက်ဆီးခဲ့ပြီးနောက် ပန်းသေးတရုတ်(ယူနန်မှလာသော အစ္စလာမ်ဘာသာကိုးကွယ်သူ တရုတ်များ)တို့၏အဓိကအခြေချရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။[၃] သမိုင်းကြောင်း၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ SSA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။[၄] တပ်မတော်သည် ဒေသခံပြည်သူ့စစ်များကို SSA ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်စေရန်အတွက် တပ်ဖြန့်ထားနိုင်ခဲ့သည်။[၅][၆] ပြီးခဲ့သောတိုက်ပွဲများတွင် SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မြန်မာတပ်မတော်က ဓာတုလက်နက်များကိုသုံးစွဲခဲ့ပြီး အမျိုးသမီးများကိုလည်း အတင်းအဓမ္မ ပေါ်တာဆွဲခဲ့သည်ဟု စွပ်စွဲခဲ့သည်။[၇][၈] ကျောင်းဆရာမအချို့လည်း အသတ်ခံခဲ့ရသည်။[၉][၁၀] ၂၀၁၅ အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ မြန်မာ့တပ်မတော်သည် တပ်ရင်း ၂၀ ခန့်ကိုဖွဲ့စည်းပြီး ကြီးမားသောထိုးစစ်ဆင်မှုပြုလုပ်ခဲ့သည်။ တပ်မတော်၏ ရည်ရွယ်ချက်မှာ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းရှူးမြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့အား ငြိမ်းချမ်းသောနယ်မြေများအဖြစ် ဖန်တီးလို၍ဖြစ်သည်။ တပ်မတော်သည် အမြှောက်ကြီးများ၊ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြု၍ အထောက်အပံ့ပေးခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ရှမ်းလူမျိုး၊ ပလောင်လူမျိုး၊ လားဟူလူမျိုးနှင့် လီဆူးလူမျိုး တစ်ထောင်ခန့် တိုက်ပွဲမှ လွတ်ကင်းရာသို့ နေရာရွေ့ပြောင်းခဲ့မှုများရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုပြဿနာများ မြှင့်တက်လာခဲ့သည်။ [၁၁][၁၂] ကိုးကား
|
Portal di Ensiklopedia Dunia