အောင်ပန်းမြို့
![]() အောင်ပန်းမြို့ သည် ရှမ်းပြည်နယ်အတွင်းရှိ မြို့တမြို့ဖြစ်ပြီး ကလောမြို့နယ်အတွင်းပါဝင်သည်။ ပင်းတယမြို့၊ ပင်လောင်းမြို့၊ ဟဲဟိုးမြို့ နှင့် ကလောမြို့ဝန်းကျင်ရှိ တိုင်းရင်းသူ တိုင်းရင်းသားတို့၏ လယ်/ယာမြေများမှစိုက်ပျိုးပြီး ထွက်ရှိလာသောအသီးအရွက်များရောင်းချပြီး ငွေဖော်ရာနေရာတစ်ခုလည်း ဖြစ်သည်။ အောင်ပန်းတွင် အလွန်စည်ကားသော မြို့မအပေါ်ဈေး<နှင့် အောက်ဈေးဟူ၍ ဈေးနှစ်နေရာရှိသည်။ အပေါ်ဈေးတွင် အောင်ပန်းမြို့သူ၊ မြို့သားများနှင့် အောင်ပန်းမြို့သို့ လာရောက်သူများဖြင့် စည်ကားသကဲ့သို့၊ အောက်ဈေးတွင် အသီးအရွက်များလာရောက်ရောင်းချသော တောင်သူများ၏၊ ထော်လာဂျီများ၊ သယ်ယူပို့ဆောင်ရေးကုန်တင်ယာဉ်ကြီးများနှင့် အသီးအနှံများအရောင်းအဝယ်ပြုလုပ်ရာ ပွဲရုံကြီးများဖြင့် အမြဲစည်ကားလျက်ရှိသည်။ အောင်ပန်းမြို့တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး အများစုမှာ ဓနု၊ ဗမာ၊ တောင်ရိုး၊ ပအိုဝ်း လူမျိုးများဖြစ်ကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia