နမ့်ခမ်းမြို့
နမ့်ခမ်းမြို့ (အင်္ဂလိပ်: Namhkam ၊ ရှမ်း: ၼမ်ႉၶမ်း) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ် ၏ မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ သမိုင်းကြောင်းယခင်က ဤနေရာတစ်ဝိုက်တွင် ရွှေထွက်သောကြောင့် ရွှေထွက်သောချောင်းဟုခေါ်ကြသည်။ (နမ့် = ချောင်း+ခမ်း = ရွှေ) နမ့်ခမ်းမြို့၏ ပတ်ဝန်းကျင်ဒေသမှာ မူလက တရုတ်နိုင်ငံပိုင်ဖြစ်သည်။ ၁၈၉၄ ခုနှစ်မှ ၁၈၉၇ ခုနှစ် ကိုလိုနီခေတ်တွင် ဤခံတပ်မြို့နှင့် ဗန်းမော်မြို့အကြား ၅၆ မိုင် (၉၀ ကီလိုမီတာ) ရှိ လမ်းကို ဖောက်လုပ်ခဲ့သည်။[၂] ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်တပ်များက လီဒိုလမ်းမကြီးကို အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် လီဒိုမှ တရုတ်နိုင်ငံ ကူမင်းမြို့အထိ မြန်မာနိုင်ငံကို ဖြတ်၍ ဖောက်လုပ်ခဲ့သည်။ ၁၉၄၄ ခုနှစ်ကုန်တွင် ဗန်းမော်ရှိ ဗမာလမ်းနှင့် ချိတ်ဆက်ကာ နမ့်ခမ်းမြို့အထိ ဖောက်လုပ်ခဲ့သည်။[၃][၄] မြန်မာနှင့် တရုတ်အစိုးရတို့သည် ၂၀၁၄ ခုနှစ်ကတည်းက နမ့်ခမ်းနှင့် မူဆယ်မြို့နယ်ရှိ နယ်နမိတ်အငြင်းပွားမှုကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။[၅] ပြည်တွင်းစစ်ကာလအတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် နမ့်ခမ်းရဲစခန်းအား တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ မြို့သည် မြောက်ပိုင်းမဟာမိတ်ညီနောင်များလက်အောင်သို့ ရောက်ရှိခဲ့သည်။[၆] တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး![]() မူဆယ်မြို့မှ အနောက်ဘက် ၁၉ မိုင်ခန့်အကွာ၊ ရွှေလီမြစ်တောင်ဘက်ကမ်းတွင်တည်ရှိသည်။ မြောက်ဘက်တွင် ရွှေလီမြစ်ကူးပြီး တရုတ်နိုင်ငံ၊ နောင်တောင်းမြို့သို့သွားလာနိုင်သည်။ ကချင်ပြည်နယ်နယ်စပ် မန်ဝိန်းကြီး(မၢၼ်ႈဝဵင်းလူင်)နှင့် ၅ မိုင်ခန့်ဝေးသည်။ မန်ဝိန်းကြီးမှ တဆင့် ဗန်းမော်သို့ လမ်းကြမ်းအဖြစ် အသုံးပြုနိုင်သည်။ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းဖြင့် မူဆယ်-မန္တလေးကားလမ်းပေါ်ရှိ နမ့်ဖတ်ကာသို့ ဖြတ်လမ်းရှိသည်။ ထို့ပြင် နမ့်ခမ်း - မုန်းဝီး- နမ့်ဟိုင်း- နမ္မတူ - သီပေါလမ်းကိုလည်း လမ်းကြမ်းအဖြစ် အသုံးပြုနိုင်သည်။ ထင်ရှားသောနေရာများ
လူမျိုးများရှမ်းလူမျိုးများ အဓိကနေထိုင်သည်။ မြန်မာပြည်ပေါက်တရုတ်များ၊ အစိုးရဝန်ထမ်းများနှင့် ပြည်မမှလာရောက်နေထိုင်သော ဗမာများနေထိုင်ကြသည်။ ပတ်ဝန်းကျင်ရွာများနှင့် တောင်ပေါ်များတွင် ကချင်လူမျိုးများ၊ ပလောင်လူမျိုးများနေထိုင်ကြသည်။ စီးပွားရေးလုပ်ငန်းများအဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်။ စက်မှုလယ်ယာဖြင့် စပါးကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည်။ ပတ်ဝန်းကျင်တောင်များတွင် ရာဘာ၊ ပြောင်းစသည်များ စိုက်သည်။ ပလောင်လူမျိုးများက လက်ဖက်အဓိကစိုက်သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုထုတ်ခြင်း၊ မီးသွေးဖုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခြင်းများလည်း လုပ်ကိုင်ကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia