ရပ်စောက်မြို့နယ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိ
သော နယ်တစ်နယ်ဖြစ်သည်။ မြောက်ဘက်တွင် မြစ်ငယ်(ဝါ)
နမ္မတူမြစ်က နယ်နိမိတ်အဖြစ် သတ်မှတ်ပိုင်းခြားလျက် သီပေါ
နယ်၊ အရှေ့ဘက်တွင် မိုင်းကိုင်းနယ်နှင့် လဲချားနယ်၊ တောင်
ဘက်တွင် ညောင်ရွှေနယ်၊ အနောက်ဘက်တွင် ရွာငံနယ်နှင့်
ဘော်နယ်တို့ အသီးသီး တည်ရှိကြသည်။ ရပ်စောက်နယ်
အကျယ်အဝန်းမှာ ၂၃၆၅ စတုရန်းမိုင်ရှိသည်။ ကျေးရွာ အုပ်စု
ပေါင်း ၃၇၅ အုပ်စုရှိ၍ လူဦးရေ ၄ဝ,၄၇ဝ ယောက်ခန့်ရှိသည်။
ရပ်စောက်နယ်သည် တောင်ထူထပ်၍ တောင်နှင့် မြောက်
တန်းလျက်ရှိသော တောင်တန်းများအကြားတွင် ကျယ်ပြန့်သော
ချိုင့်ဝှမ်းများ ရှိသည်။ ထင်ရှားသော မြစ်များမှာ ဇော်ဂျီမြစ်နှင့်
နမ့်လန်မြစ်တို့ ဖြစ်သည်။ နမ့်လန်နှင့် ယင်း၏ လက်တက်ဖြစ်
သော နမ့်အက်မြစ်တို့သည် နယ်၏ အရှေ့မြောက်ထောင့်စွန်း
တွင် နမ္မတူမြစ်ထဲသို့ စီးဝင်လေသည်။
ကျွန်းတောများကို ပေ ၃ဝဝဝ အောက်နိမ့်သော နယ်
မြောက်ပိုင်း၌သာ တွေ့ရှိရသည်။ တောင်မြင့်ပိုင်းများတွင် ထင်း
ရှူးတောနှင့် ဝက်သစ်ချတောများ ရှိသည်။ ရပ်စောက်မြို့ ဒေသ
တွင် မိုးရေချိန် လက်မ ၅ဝ ခန့်ရှိ၍ တောင်မြင့်ပိုင်းဒေသ
တို့တွင် ထိုထက် ပိုများသည်။
ရပ်စောက်နယ်သည် ရှေးယခင်က ညောင်ရွှေနယ်ထဲတွင်
အပါအဝင် ဖြစ်ခဲ့သော်လည်း နောင်အခါ၌ မြို့စားအုပ်ချုပ်ရ
သော သီးခြားနယ်ဖြစ်လာလေသည်။ မင်းတုန်းမင်းတရားကြီး
လက်ထက်တွင် ရပ်စောက်နယ်ကို လဲချား စော်ဘွားလက်
အောက်ခံအဖြစ်ထား၍ အမတ်များက စော်ဘွားကိုယ်စားနယ်ကို
အုပ်ချုပ်ရသည်။ သက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် ညောင်ရွှေစော်ဘွား
၏ မြေးတော်သူ စပ်ဝိုင်းသည် မင်းတုန်းမင်းတရားကြီး၏ ခွင့်ပြု
တော်မူချက်အရ စော်ဘွားဘွဲ့ခံ၍ ရပ်စောက်နယ်ကို အုပ်ချုပ်ခဲ့
လေသည်။ ထိုသို့အားဖြင့် စော်ဘွားကြီး စပ်ခွန်ဆာ လက်ထက်
သို့တိုင်အောင် စော်ဘွားအဆက်ဆက်တို့က နယ်ရှင်အဖြစ် အုပ်
ချုပ်လာခဲ့သည်။ သို့ရာတွင် စော်ဘွားကြီး စပ်ခွန်ဆာသည်
လည်း အခြားနယ်ရှင် စော်ဘွားများနည်းတူ ၁၉၅၉ ခုနှစ်
ဧပြီလ ၂၉ ရက်နေ့တွင် မိမိနယ် အုပ်ချုပ်ရေးအာဏာများကို
ရှမ်းပြည်နယ်အစိုးရလက်ထဲသို့ လွှဲအပ်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်
ရာ ယခုအခါ ရပ်စောက်နယ်သည် ရှမ်းပြည်တောင်ပိုင်း၊
တောင်ကြီးခရိုင်တွင်ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်လာလေ
သည်။
ရပ်စောက်နယ်တွင် ဆန်စပါး၊ နှမ်း၊ ဝါ၊ မြေပဲ၊ လိမ္မော်၊
သနပ်ဖက်ပင်တို့ကို စိုက်ပျိုးသည်။ သနပ်ဖက်ကို မြန်မာပြည်မ
သို့ တင်ပို့ရောင်းချသည်။ ရပ်စောက်နယ်တွင် ရှမ်းတောင်သူ
(ပအိုဝ်းလူမျိုး)၊ တောင်ရိုး၊ ဓနုနှင့် ပလောင်လူမျိုးတို့ နေထိုင်ကြသည်။
ရပ်စောက်နယ်၏ ရုံးစိုက်မြို့ဖြစ်သော ရပ်စောက်မြို့သည်
ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ယခင် နယ်ရှင်စော်ဘွားကြီး၏
ဟော်နန်းတည်ရာ တောင်ကုန်းပတ်လည်၌ မြို့ကွက်တည်ထား
သည်။ ရပ်စောက်မြို့ မြောက်ဘက်တစ်မိုင်ခန့်အကွာတွင် ဗထူး
တပ်မြို့ တည်ရှိလေသည်။ ဗထူးတပ်မြို့ကို ယခင် နမ့်တူရွာ
ပျက်နေရာတွင် တည်ထားသည်။ လွယ်ဂုံချောင်းနှင့် ပိန်း
ချောင်းတို့ စုပေါင်း၍ စီးဆင်းလာသော နမ့်ဟူချောင်းသည်
တပ်မြို့အလယ်ကို ဖြတ်သန်းစီးဆင်းပြီးလျှင် ဇော်ဂျီမြစ်ထဲသို့
စီးဆင်းလာလေသည်။ တပ်မြို့ကွက်သည် ပင်လယ်ရေမျက်နှာ
ပြင်ထက် ပေ ၃ဝ၅ဝ မြင့်သော တောင်ကုန်းဒေသ ဖြစ်သည်။
ဗထူးတပ်မြို့ကို ၁၉၅၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ
၁၉၅၄ ခုနှစ်တွင် ပြီးစီးခဲ့လေသည်။[၂]
ကိုးကား
- ↑ GoogleEarth
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
|
---|
|
ကျိုင်းခမ်းကျေးရွာအုပ်စု | |
---|
ကျောက်ဂူကျေးရွာအုပ်စု | |
---|
ကျောက်တောကျေးရွာအုပ်စု | |
---|
ကောင်းဘို့ကျေးရွာအုပ်စု | |
---|
နန်းကောင်းမှုကျေးရွာအုပ်စု | |
---|
နန်းလွဲကျေးရွာအုပ်စု | |
---|
နောင်လုံကျေးရွာအုပ်စု | |
---|
နောင်ဝိုးကျေးရွာအုပ်စု | |
---|
ပါမဲကျေးရွာအုပ်စု | |
---|
ဖေါင်းတောကျေးရွာအုပ်စု | |
---|
မကျီးကုန်းကျေးရွာအုပ်စု | |
---|
မြင်တောင်ကျေးရွာအုပ်စု | |
---|
မားသဲကျေးရွာအုပ်စု | |
---|
ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု | |
---|
လွယ်ကိုးကျေးရွာအုပ်စု | |
---|
ဟွေးကျေးရွာအုပ်စု | |
---|
အလယ်ချောင်းကျေးရွာအုပ်စု | |
---|
အုံးကွဲကျေးရွာအုပ်စု | |
---|
|
---|
ပြည်နယ်များ | | |
---|
တိုင်းဒေသကြီးများ | |
---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ | |
---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | |
---|
ပြည်ထောင်စုနယ်မြေ | |
---|