ဆိပ်ကမ်းမြို့နယ်
ဆိပ်ကမ်းမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၃)ခုသာရှိပြီး မူလတန်းကျောင်း (၁)ကျောင်းနှင့် ဆေးရုံ (၁)ရုံ တည်ရှိသည်။ ဆိပ်ကမ်းမြို့နယ်သည် (၁၈)ရာစု ရန်ကုန်မြို့တော်ပေါ်ပေါက်စဉ်က ရန်ကုန်မြို့၏ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပြီး၊ ပြည်တွင်းပြည်ပ ရေယာဉ်များဆိုက် ကပ် ထွက်ခွာရာ မြို့တစ်မြို့ဖြစ်ခဲ့သည် ။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် မြို့နယ်များပြင်ဆင်ဖွဲ့စည်းသတ်မှတ်ရာ၌ဆိပ်ကမ်းမြို့နယ် ကို ၁၉၇၂-ခုနှစ် ၊ မတ်လ(၁၅ )ရက်နေ့စွဲနှင့် ထုတ်ပြန်ကြေညာခဲ့သော တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်(၉၇ )အရ သီးခြားမြို့နယ်အဖြစ် ရန်ကုန်တိုင်းအတွင်း စတင်၍တရားဝင်အသိအမှတ်ပြုခဲ့သည် ။ ပြည်ထဲ ရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၁၀-၄-၁၉၇၄)ရက်စွဲပါစာအမှတ်၊ ၂ ၁၉၉၂ အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေညာစာအရ နယ်နိမိတ် များသတ်မှတ် ၍ ဆိပ်ကမ်းမြို့နယ်အဖြစ်သတ်မှတ်ခဲ့သည် ရဲရိပ်သာရပ်ကွက် ကွက် ၊ ဆိပ်ကမ်းမိသားစုရိပ်သာရပ်ကွက် ၊ မော်တင်ယာယီဈေးရပ်ကွက်ဟူ၍ ရပ်ကွက်(၄ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁-၆-၂၀၀၀ ။ ဖွဲ့စည်းစဉ်က ၊ အကောက်ခွန်ရပ် )ခုဖြင့် ဖွဲ့စည်းခဲ့ပြီး )ရက်စွဲပါစာအမှတ်၊ ၁၀၀/၂၃-၂၂၆/ ဦး-၁ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာဖြင့် အကောက်ခွန်ရပ်ကွက်အား ပယ်ဖျက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဆိပ်ကမ်းမြို့နယ်ကို နှစ်ပိုင်းခွဲ၍ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်သို့ ထည့်သွင်းခဲ့သည်။[၁] ကိုးကား
ပြင်ပလင့်ခ်များရန်ကုန်အနောက်ပိုင်းခရိုင်၊ ဆိပ်ကမ်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက် pdf ဖိုင် 19 October 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Yangon City Website 25 May 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . |
Portal di Ensiklopedia Dunia