တိုင်းလူမျိုး

မိမိတို့ကိုယ်ကို တိုင်းဟု ခေါ်သော ရှမ်းလူမျိုးတို့သည် မြန်မာ နိုင်ငံရှိ အခြားတိုင်းရင်းသား အများစုတို့ကဲ့သို့ပင် မွန်ဂိုလွိုက် လူမျိုးအနွယ်တွင် ပါဝင်သည်။ ကိုယ်လုံးကိုယ်ပေါက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတို့တွင် ရှမ်းနှင့် မြန်မာတို့သည် အနည်းငယ်သာ ကွာခြား၏။ ရှမ်း(တိုင်း)တို့သည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ယန်ဆီကျန်မြစ်ဝှမ်း၏ အထက်ပိုင်းဒေသမှ တောင်ဘက်တွင် မလ္လာယုကျွန်းဆွယ်အထိ၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံအာသံနယ်မှ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၏ ကွမ်တုန်၊ ကွမ်ဆီနယ်များနှင့် တရုတ်ပင်လယ်တွင်းအရှိ ဟိုင်နန်ကျွန်းအထိဖြစ်သော ဒေသတစ်ဝန်းတွင် တသီးတခြားသော်လည်းကောင်း၊ အခြားလူမျိုးများနှင့် ရောနှော၍သော်လည်းကောင်း နေထိုင်လျက်ရှိကြ၏။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya