ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Phalon-Sawaw Democratic Party; PSDP) သည် ၂၀၁၀ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ကရင်လူမျိုးများ ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။[၂] သမိုင်းကြောင်းပါတီကို ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့တွင် တည်ထောင်ခွင့် လျှောက်ထားခဲ့ရာ မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။[၃][၄] ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နေရာအတွက် လေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သုံးဦးအနိုင်ရရှိခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦး အနိုင်ရရှိခဲ့သည်။[၅] ပါတီမှတ်ပုံတင်ခြင်းအသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၄) ဖြင့် ခွင့်ပြုခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia