မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ

ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (အင်္ဂလိပ်: Mro National Development Party; MNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

၈၈၈၈ အရေးအခင်း ပြီးနောက်တွင် မြို (ခေါ်) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (Mro or Khami National Solidarity Organisation) ကို ဦးစံသာအောင်မှ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၂ တွင် စတင်တည်ထောင်ခဲ့သည်။[] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လေးနေရာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ[] ကျောက်တော်မြို့နယ်တွင် တစ်နေရာ အနိုင်ရခဲ့သည်။[]

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီကို ထပ်မံမှတ်ပုံတင်ခဲ့ပြီး[] ကိုးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[]

၂၀၁၄ ခုနှစ်တွင် ပါတီကို မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[] ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမတ်လောင်း ခြောက်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[]

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya