တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Tai-Leng Nationalities Development Party; အတိုကောက် TNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂] တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးများ ဖွံ့ဖြိုးတိုးတက်စေရေးရန်အတွက် တည်ထောင်ထားခြင်း ဖြစ်သည်။ ပါတီ၏မူဝါဒမှာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရန် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး နှင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပါတီအသစ် တည်ထောင်ရန် ပြန်လည်လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလ တွင် ပါတီအသစ် မှတ်ပုံတင် ရရှိခဲ့သည်။ ပါတီဝင်အရေအတွက် ၃,၅၀၀ ကျော်ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ လေးမြို့နယ် စုစုပေါင်း ၁၂ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[၁] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia