ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (အင်္ဂလိပ်: Arakan League for Democracy; အတိုကောက် ALD) သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲများစွာရရှိခဲ့ပြီး[၂] အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။[၃] နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ လက်ထက်တွင် ပါတီဖျက်သိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၄] ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[၅] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[၆][၇][၈][၉][၁၀] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia