ချင်းတိုးတက်ရေးပါတီ

ချင်းတိုးတက်ရေးပါတီ
အင်္ဂလိပ် အမည်Chin Progressive Party
နာယကဦးပေါ်လျှံလွင်
တည်ထောင်ခြင်း၄ မေ ၂၀၁၀ (၂၀၁၀-၀၅-၀၄)[]
ဖျက်သိမ်းခြင်း၁၁ ဇူလိုင် ၂၀၁၉
ဆက်ခံချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ချင်းတိုးတက်ရေးပါတီ (အင်္ဂလိပ်: Chin Progressive Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခု ဖြစ်သည်။ ချင်းတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် အဖွဲ့ဝင် ၂၂ ဦးဖြင့် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ပါတီမှတ်ပုံတင်ခြင်း

ချင်းတိုးတက်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၆၆/၂၀၁၀ အရ ၂၀၁၀ ခုနှစ်၊ ဇွန် ၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၂၆ ဖြစ်သည်။[]

အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ ခုနှစ်

ချင်းတိုးတက်ရေးပါတီသည် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။​

ချင်းပါတီများ ပေါင်းစည်းခြင်း

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမည်ဖြင့် အသစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[][][]

ပါတီပယ်ဖျက်ခြင်း

ချင်းပြည်နယ်ရှိ ချင်းပါတီ (၃) ခုပေါင်းစည်းပြီး ပါတီအသစ် တည်ထောင်မှုကြောင့် ပါတီကို ပယ်ဖျက်ရန် လျှောက်ခဲ့ပြီး၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၂၅ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၉/၂၀၁၉ အားဖြင့် ၂၀၁၉ ဇူလိုင် ၁၁ ရက်တွင် ပယ်ဖျက်ခဲ့သည်။ []

ကိုးကား

  1. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၅၄)
  2. ၂.၀ ၂.၁ ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း။ Union Election Commission။ 2025-6-27 တွင် ပြန်စစ်ပြီး။
  3. Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  4. လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  5. ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya