နည်းပညာတက္ကသိုလ်(မကွေး)
နည်းပညာတက္ကသိုလ်(မကွေး) သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ၇ မိုင်ခန့်အကွာ ကံပြားရွာအနီး ရန်ကုန်-ပြည်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိပြီး ဧရိယာအားဖြင့် ၃၂.၇၈ ဧကခန့် ကျယ်ဝန်းသည်။ သမိုင်းကြောင်းနည်းပညာတက္ကသိုလ်(မကွေး) ကို ၁၉၉၉ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (မကွေး) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ အစိုးရနည်းပညာကောလိပ် (မကွေး) တွင် သက်မွေးပညာရပ် ၂ နှစ်သင်တန်း A.G.T.I ဒီပလိုမာသင်တန်းနှင့် ၃ နှစ်တန်း (B.Tech)နည်းပညာဘွဲ့ သင်တန်းများ သင်ကြားပေးခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်မှ နည်းပညာ တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ အစရှိသည့် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများ သင်ကြားပေးခဲ့သည်။[၁] သင်ကြားပေးလျက်ရှိသော ဘာသာရပ်များနည်းပညာတက္ကသိုလ်(မကွေး)တွင် အဓိက ဘာသာရပ် လေးခုကို သင်ကြားလျက်ရှိသည်။ အဓိက သင်ကြားသော ဘာသာရပ်လေးခုမှာ
အထက်ပါ အဓိက ဘာသာရပ်လေးခု နှင့် တွဲပြီး အောက်ပါ ဘာသာရပ် များပါ တွဲဖက် သင်ကြားပေးလျက် ရှိသည်။
ဌာနများနည်းပညာတက္ကသိုလ်(မကွေး)တွင် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာဌာန ၆ ခု၊ စာပေ ဘာသာရပ်ဆိုင်ရာ ဌာန ၃ ခု၊ စီမံဌာနခွဲ ၃ ခုရှိသည်။[၂] အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာဌာနများ
စာပေဘာသာရပ်ဆိုင်ရာဌာနများ
စီမံဌာနခွဲများ
ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia