ဝါးဘလောက်သောက်
ဝါးဘလောက်သောက် (မွန်: ကွာန်ဝါဗၠာ်ဩောံ) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် တည်ရှိသည့် စံပြကျေးရွာတစ်ရွာ ဖြစ်သည်။ ဝါးဘလောက်သောက် သည် ရန်ကုန်မြို့ တောင်ဘက် မိုင်၂၀ ကျော်ခန့်အကွာတွင်တည်ရှိသည်။ ဒလမြို့နယ်မှ ၂၁ မိုင်နှင့် ကော့မှူးမြို့မှ ၉ မိုင်အကွာတွင် တည်ရှိသည်။ ရွာတွင် အုပ်ချုပ်ရေးမှူးရုံး၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ဈေး၊ ရဲစခန်းနှင့် အထက်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၁) ကျောင်း ရှိသည်။ ကျေးရွာရပ်ကွက် ၁၂ ရပ်ကွက် နှင့် အိမ်ခြေ ၁၀၀၀ ကျော် ရှိသည်။ ![]() ![]() ဝေါဟာရရင်းမြစ်လွန်ခဲ့သော နှစ်ပေါင်း၁၅၀ ကျော်ခန့်က အိမ်ခြေ (၅၀) ခန့်ဖြင့် မွန်လူမျိုးများကကိုယ်ထူကိုယ်ထ စတင်တည်ထောင်ခဲ့ကြပြီး ဝါဗၠာ်ဩောံ (ဝဲဘလိုက်ဆော့) ဟုအမည်မှဲ့ခေါ်ခဲ့ကြသည်။ အဓိပ္ပာယ်မှာ ကောက်မှော်ရိုးများနှင့်ပြည့်နေသည့်ဒေသ ဟူ၍ ဖြစ်သည်။ ဝါးဘလောက်သောက်သည် ယခင်က ဝါးဘလောက်သောက်မြစ်ကမ်းဘေးတွင်တည်ရှိပြီး သင်္ဘောဆိပ်ကမ်းများနှင့် ရောင်းဝယ်မှုအလွန်ထွန်းကားခဲ့သည်။ ယခုအခါ ဝါးဘလောက်သောက်မြစ် တိမ်ကောပျောက်ကွယ်သွားပြီး ကုန်းလမ်းခရီးကိုသာ အသုံးပြုနေကြပြီဖြစ်သည်။ ဝါးဘလောက်သောက်သည် ကျေးရွာ၏ဖွံ့ဖြိုးတိုးတက်မှုအရ ကော့မှူးအရှေ့ခြမ်းတိုက်နယ်ကျေးရွာအုပ်စု အဖြစ် ပြောင်းလဲလာခဲ့ပြီး စံပြကျေးရွာကြီး အဖြစ်လည်းတိုးတက်လာခဲ့ပြီဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia