သိန်းညွန့် (နိုင်ငံရေးသမား)
ဦးသိန်းညွန့် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။[၂] ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီမှ ခွဲထွက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ထူထောင်သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ နိုင်ငံရေးဦးသိန်းညွန့်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ်တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။[၃] သို့သော် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်၍ ယှဉ်ပြိုင်ခြင်းမပြုသောကြောင့် ပါတီမှနုတ်ထွက်ခဲ့သည်။ ထို့နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထွက်ရှိလာခဲ့သူများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့နှင့်အတူ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို တည်ထောင်ခဲ့သည်။[၄] အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ပါတီတွင်းရန်ပုံငွေ ပြဿနာများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။[၅][၆] ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို ၂၀၁၁ အောက်တိုဘာတွင် တည်ထောင်ပြီး[၅] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[၃][၆] ဦးသိန်းညွန့်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ကလေးသူငယ်မုဒိန်း မှုကျူးလွန်သူများကို သေဒဏ်ပေးရေးလှုပ်ရှားမှု၊ အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေမူကြမ်း တင်သွင်းခြင်း၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အဆို၊ မေးခွန်းတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။[၃] အမျိုးသားဒီမိုကရေစီ ပါတီသစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်ခဲ့သည်။[၆] ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ရာတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။[၄] နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၆] စစ်ကောင်စီဝင်ဖြစ်လာပြီးနောက် မေလ ၃ နှင့် ၅ တွင် ၎င်း၏သားဖြစ်သူပိုင်ဆိုင်သည်ဟု အငြင်းပွားဖွယ်နေအိမ်၌ ပါတီရုံးပြန်ဖွင့်ရန် ကြိုးပမ်းခဲ့သဖြင့် သားဖြစ်သူနှင့် အငြင်းပွားမှုတစ်ခုရှိခဲ့သည့်အပြင် အစောပိုင်းကာလ မတ် ၂၇ ရက် တွင် သားဖြစ်သူကို ဖမ်းဝရမ်းထုတ်ထားကြောင်း ဦးသိန်းညွန့်ကိုယ်တိုင်က ဖုန်းဆက်ခြိမ်းခြောက်ခဲ့သည်ဟု သတင်းတစ်ခုတွင် ၎င်း၏သားဖြစ်သူက ပြောဆိုထားမှုလည်းရှိသည်။ မေလ ၁၂ ၌ ထိုသားဖြစ်သူနှင့် ဇနီးကို စစ်ကောင်စီကဖမ်းဆီးခဲ့၏ ။[၄] နိုင်ငံတော် ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံရခြင်း၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဦးသိန်းညွန့် ပါမလာတော့ဘဲ ကောင်စီဝင်အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ၏ အဖွဲ့ဝင်အဖြစ် ရာထူးလျှောကျသွားသည်။ ဝန်ကြီးအဆင့်နေအိမ်မှ ဖယ်ပေးရသည်။[၇] အရေးယူပိတ်ဆို့ခံရခြင်းဦးသိန်းညွန့်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၁ မေ ၁၇ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု နှင့် ဥရောပသမဂ္ဂ၏ ၂၀၂၁ ဧပြီ ၁၉ ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများအား ခံထားရသည်။ [၈] [၉]
ကိုးကား
|
Portal di Ensiklopedia Dunia