ထန်းတပင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)
ထန်းတပင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်တွင် တည်ရှိသည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်းတပင်မြို့ ဖြစ်ပြီး ကုက္ကိုဝမြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာနေရာ၏ တောင်ဘက်ပိုင်း၊ လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။[၂] ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ထန်းတပင်မြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးရန်အတွက် ထူးကုမ္ပဏီမှ ၂၇၀ မဂ္ဂဝက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို ထန်းတပင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည်။[၃] လူနေထိုင်မှုထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၉ ခုနှင့် ကျေးရွာပေါင်း ၂၃၀ တည်ရှိသည်။[၄] ထန်းတပင်မြို့နယ်တွင် မြို့ပေါ်ရှိ အိမ်ခြေ (၁၆၅၁)အိမ်၊ အိမ်ထောင်စု (၁၇၅၆)စုရှိပြီး ကျေးလက်နေ အိမ်ခြေ (၂၆၄၈၀)အိမ်၊ အိမ်ထောင်စု(၂၆၇၁၉)စုရှိရာစုစုပေါင်း အိမ်ခြေ (၂၈၁၃၁)အိမ်နှင့်အိမ်ထောင်စု(၂၈၄၇၅)စုရှိသည်။ နယ်နမိတ်များမြို့နယ်၏ အရှေ့ဘက်တွင် လှိုင်မြစ်မှ ဝန်းရံထားသည်။ အနောက်တောင်ဘက်တွင် ပန်းလှိုင်မြစ် နှင့် အနောက်ဘက်ပိုင်းတွင် ဘောလယ်မြစ်တို့က အသီးသီး ဝန်းရံထားသည်။[၂] အနောက်မြောက်ဘက်တွင် ဇလွန်မြို့နယ် (ဧရာဝတီတိုင်းဒေသကြီး)၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် တိုက်ကြီးမြို့နယ်၊ အရှေ့ဘက်တွင် မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်၊ အရှေ့တောင်ဘက်တွင် လှိုင်သာယာမြို့နယ် နှင့် အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၏ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များက အသီးသီး ဝန်းရံထားသည်။[၅] အထွေထွေ အချက်အလက်များ
အိမ်ထောင်စု အချက်အလက်များစုစုပေါင်း လူဦးရေ
ဘုရား စေတီပုထိုးများ
|
Portal di Ensiklopedia Dunia