ပိုးရယ်အောင်သိန်း

စည်သူ

ပိုးရယ်အောင်သိန်း
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏
ဗဟိုအကြံပေးအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်)
ခေါင်းဆောင်စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင်
ယခင်လူရာထူးစတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
မင်းအောင်လှိုင်၊ ယာယီသမ္မတ (တာဝန်)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူကောင်စီစတင်
ဆက်ခံသူကောင်စီဖျက်သိမ်း
ပထမအကြိမ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူဖွဲ့စည်းပုံအခြေခံစတင်
ဆက်ခံသူဒေါက်တာခင်မကြီး (NLD)
မဲဆန္ဒနယ်ကယားပြည်နယ်
မဲဆန္ဒနယ် အမှတ်(၈)
အနိုင်ရမဲ အရေအတွက်ကြိုတင်မဲ ၁၃၆၅
မဲစုစုပေါင်း ၁၃၈၇ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၃ မေ ၁၉၅၃&#၁၆၀;(၁၉၅၃-၀၅-၀၃) (အသက် ၇၂)
ကယားပြည်နယ်လွိုင်ကော်မြို့နယ်
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မိခင်ဒေါ်စိုးမြာ
ဖခင်ဦးစိုးရယ်
ဆုတံဆိပ်များစည်သူဘွဲ့ (၂၀၂၅)

ပိုးရယ်အောင်သိန်း ( ၁၉၅၃ ဖွား) သည် ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်အမတ် ဖြစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဖြစ်ပါ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[] []

ငယ်ဘဝ

ဖခင်ဖြစ်သူ ဦးစိုးရယ် နှင့် မိခင်ဖြစ်သူ ဒေါ်စိုးမြာ တို့က ၁၉၅၃ ခုနှစ် မေလ ၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် ထေးသမရွာ တွင် သူ့အား မွေးဖွားသည်။ ပညာအရည်အချင်းမှာ ၁၀ တန်းအောင် ဖြစ်သည်။[]

နိုင်ငံရေးသမားဘဝ

သူသည် ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ကယားပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခဲ့ပြီးနောက် [] မြန်မာ့နိုင်ငံရေးထဲ စတင် ဝင်ရောက်လာသည်။ လွှတ်တော်အမတ်အဖြစ် ၅ နှစ်တာ ဖြတ်သန်းသည်။[] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် နှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ စသည်ဖြင့် ပါတီလုပ်ငန်းများသာ ဆက်လက် လုပ်ဆောင်သည်။[] [] ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) မှနေ၍ ဝင်ရောက် အရွေးခံသော်လည်း[] ပြိုင်ဘက်ပါတီ အား ရှုံးနိမ့်သည်။[]

နစက ကောင်စီဝင်

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း ခံရပြီးနောက်ပိုင်း သူသည် မိခင်ပါတီ၏ လုပ်ငန်းများတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြန်လည် ဖွဲ့စည်းစဉ် သူသည် ကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရသည်။[၁၀]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်ကို တာဝန်ပေးခံရသည်။[၁၁]

အရေးယူပိတ်ဆို့ခံရခြင်း

သူ့ကို ကောင်စီ အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့မှု ဖြင့် အမေရိကန်၊ဥရောပသမဂ္ဂ နှင့် ဆွတ်ဇာလန် အစရှိသည့် နိုင်ငံတို့က ၂၀၂၃ ခုနှစ်ထဲ တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြသည်။[၁၂] [၁၃]

ဂုဏ်ပြုခံရခြင်း

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၄]

ကိုးကား

  1. တိုင်းရင်းသားပြည်နယ်များကို စည်းရုံးရန် စစ်ကောင်စီ ကြိုးစားThe Irrawaddy (၁၅ စက်တင်ဘာ ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားMyanmar Digital News (၁၈ ဧပြီ ၂၀၂၃)။ 19 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဦးပိုးရယ်အောင်သိန်းKantarawaddy Times (၉ အောက်တိုဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၇-၁၁-၂၀၁၀)မြန်မာ့အလင်းသတင်းစာ အချက်ပို(ဃ ) (၁၄ နိုဝင်ဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ကရင်နီပြည် ငြိမ်းချမ်းရေးကိစ္စ ကြံခိုင်ရေးပါတီသို့ တင်ပြရန် အစီအစဉ်ရှိby - ကန္တာရဝတီတိုင်း(မ်) (၃၀ ဧပြီ ၂၀၁၁)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. Kayah State politicians reflect on limited public engagementby - Kantarawaddy Times (14 May 2017)။ 19 Feb 2024 တွင် ပြန်စစ်ပြီး။
  7. ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများအား သွားရောက်လှူဒါန်းUSDP Party (၁၀ ဇွန် ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၂/၂၀၂၀)USDP Party (၁၂ ဩဂုတ် ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  9. ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်စာရင်း ထုတ်ပြန်ပြီးစီးRFA Burmese (၉ နိုဝင်ဘာ ၂၀၂၀)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. စစ်ကောင်စီ အပြောင်းအလဲ စစ်တပ်ကလူဟောင်းတွေလွှမ်းမိုးထားBBC Burmese (၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း။ CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
  12. စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် သတ္တုတွင်းလုပ်ငန်းကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်DVB (၂၁ ဇူလိုင် ၂၀၂၃)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. Myanmar Junta Attempts Charm Offensive in Ethnic StatesThe Irrawaddy (13 September 2023)။ 19 Feb 2024 တွင် ပြန်စစ်ပြီး။
  14. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya