မြန်မာတိုင်းရင်းသားမျိုးနွယ်များ![]() မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ယင်းတို့ကို အဓိကလူမျိုးစုကြီးရှစ်ခုအဖြစ် အောက်ပါအတိုင်း အုပ်စုခွဲထားသည်။[၁] ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။[၁] "အဓိကလူမျိုးစုကြီးများ" ကို ပြောဆိုကြသော ဘာသာစကား သို့မဟုတ် တိုင်းရင်းသားနှီးနွယ်မှုများထက် နေထိုင်ရာဒေသအလိုက် အုပ်စုခွဲထားခြင်း ဖြစ်သည်။ ဥပမာ ရှမ်းလူမျိုးစုကြီးတွင် မတူညီသော ဘာသာစကားအုပ်စု လေးခုရှိ ဘာသာစကားများကို ပြောဆိုသုံးနှုန်းကြသော တိုင်းရင်းသား ၃၃ မျိုးပါဝင်သည်။[၃] ထို့အပြင် အသိအမှတ် မပြုထားသော အခြား လူမျိုးစုများလည်း ရှိနေပြီး အများဆုံးမှာ တရုတ်မြန်မာလူမျိုးများနှင့် ပန်းသေးလူမျိုးများ (ယင်းနှစ်စုသည် လူဦးရေ၏ ၃%)၊ အိန္ဒိယမြန်မာနွယ်များ (လူဦးရေ၏ ၂%)၊ အင်္ဂလိပ်မြန်မာနွယ်များနှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်ကြသည်။ နောက်ဆုံးအုပ်စုနှစ်ခုအတွက် တိကျသော တရားဝင်စာရင်းထုတ်ပြန်ချက် မရှိသော်လည်း အင်္ဂလိပ်မြန်မာနွယ်များသည် မြန်မာနိုင်ငံတွင်းတွင် ၅၂,၀၀၀ ခန့်နှင့် နိုင်ငံပြင်ပတွင် ၁.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား မျိုးနွယ်စုများအောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည်။[၁][၄][၅] ကချင်ကချင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၂ ခု ပါဝင်သည်။
ကယားကယားလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။[note ၁][၇]
ကရင်ကရင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၁ ခု ပါဝင်သည်။
ချင်းချင်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၅၃ ခု ပါဝင်သည်။
ဗမာဗမာလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။
မွန်မွန်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁ ခု ပါဝင်သည်။ ရခိုင်ရခိုင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၇ ခုပါဝင်သည်။ ရှမ်းရှမ်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၃၂ ခု ပါဝင်သည်။
အသိအမှတ်မပြုထားသော မျိုးနွယ်စုများမြန်မာအစိုးရ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် မပါဝင်သော အစိုးရမှ အသိအမှတ်မပြုထားသည့် မျိုးနွယ်စုများလည်း ရှိသေးသည်။
ကိုးကား
|
Portal di Ensiklopedia Dunia