အောင်လင်းဒွေး


အောင်လင်း​ဒွေး
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
အမှုဆောင်ချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
လက်ထောက်ရဲဝင်းဦး
ယခင်လူရာထူးစတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅
လက်ထောက်ရဲဝင်းဦး
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
စစ်ဥပဒေချုပ်
တာဝန်သက်တမ်း
ဩဂုတ် ၂၀၁၆ – ဇန်နဝါရီ ၂၀၂၂
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်
တိုင်းမှူး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တာဝန်သက်တမ်း
၂၀၁၄ – ဩဂုတ် ၂၀၁၆
အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
တာဝန်သက်တမ်း
အောက်တိုဘာ ၂၀၁၁ – ၂၀၁၄
ကျောင်းအုပ်ကြီး
တပ်မတော်နည်းပညာတက္ကသိုလ်
တာဝန်သက်တမ်း
၉ မေ၂၀၁၁ – ၃ အောက်တိုဘာ ၂၀၁၁
ယခင်လူဗိုလ်မှူးချုပ် ညိုစော
ဆက်ခံသူဗိုလ်မှူးချုပ် အောင်စိုး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1962-05-31) ၃၁ မေ၊ ၁၉၆၂ (အသက် ၆၃)
မြန်မာနိုင်ငံ
နိုင်ငံသားမြန်မာ
ကြင်ဖော်ဥမ္မာမြင့်
သားသမီးရွှေရည်ဖူးအောင်
လှိုင်ဘွားအောင်
ဖြိုးအာကာအောင်
မိခင်ကျောင်းစစ်တက္ကသိုလ်အပတ်စဉ် ၂၅
ဆုတံဆိပ်များ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၂-၂၀၂၅
ရာထူး ဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၁၈၂၆၃

ဦးအောင်လင်းဒွေး (၃၁ မေ ၁၉၆၂ မွေးဖွား)သည် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဖြစ်သည်။[] [] ယင်းမတိုင်မီက သူသည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီး နှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။[]

ငယ်ဘဝ

၁၉၆၂ ခု၊ မေလ ၃၁ ရက်တွင် မွေးသည်။ မွေးချင်းညီမ စုစုဒွေးမှာ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဖြစ်သည်။

စစ်မှုထမ်းဘဝ

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ နှင့် ကျောင်းဆင်းသည်။ပြန်တမ်းဝင်အမှတ် ကြည်း ၁၈၂၆၃ ဖြင့် စစ်မှုထမ်းသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။သစ္စာရှိသော လက်ရုံးအဖြစ် သတ်မှတ်ခံရသည်။[]

သူသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒကစမှူး(စစ်တွေ) မှသည် စစ်တက္ကသိုလ် အောင်ဇေယျဗိုလ်လောင်းတပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းသည်။ ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၂၀၁၁ မေ ၉ - ၂၀၁၁ အောက်တိုဘာ ၃ ကာလကို တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်အဖြစ် တာဝန်ယူသည်။ နောက် ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး[] ၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်တို့သို့ ပြောင်းလဲထမ်းဆောင်သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ် ဖြစ်လာသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး အဖြစ်ခန့်အပ်ခံရသည်။အစိုးရ၏ အမိန့်ကြော်ငြာစာ များအား ပုံ ကောင်စီအတွင်းရေးမှူး ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရသူ လည်းဖြစ်၍ လူသိများသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ လထဲတွင် စစ်ကောင်စီအတွင်းရေးမှူး နေရာကိုသာပေးပြီး တပ်မတော် စစ်ဥပဒေချုပ် ရာထူးမှ အနားပေးခံရသည်။ တပ်မတော်အရန်အင်အား သို့ ရောက်ရှိသွားသည်။[] သူ့၏ တပ်မတော်ရာထူးနေရာအား တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နိုင်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးကာ ဆက်ခံသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နှင့်အတူ ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် အဖြစ် တာဝန်ပေးခံရသည်။ ထိုရက်မှာပင် သူသည် ဗိုလ်ချုပ်ကြီး ရာထူးအားလည်း စွန့်လွှတ်လိုက်ရပြီး ဦးအောင်လင်းဒွေး အမည်ဖြင့် အထက်ပါရာထူးများကို ပေးအပ်ခံရခြင်းဖြစ်သည်။[][]

မိသားစုဘဝ

ဇနီးဖြစ်သူမှာ ဒေါ်ဥမ္မာမြင့် ဖြစ်ပြီး သားသမီးများမှာ

  • ရွှေရည်ဖြိုးပြည့် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ ကုမ္ပဏီပိုင်ရှင် ရွှေရည်ဖူးအောင်
  • မင်္ဂလာအောင်မြေဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လှိုင်ဘွားအောင် (မိခင်နှင့်အတူပိုင်)
  • အောင်မြင့်မိုရ်လင်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဖြိုးအာကာအောင် တို့ ဖြစ်သည်။

ချီးမြှင့်ခံရသည့် ဆုများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ချီးမြှင့်အပ်နှင်းထားသည်။[၁၀]

ကိုးကား

  1. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်းMOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2021 တွင် ပြန်စစ်ပြီး။
  4. စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးThe Irrawaddy (၆ ဇူလိုင် ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၂၄/၂၀၁၆ ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းခြင်းမြန်မာနိုင်ငံပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရThe Irrawaddy (၁၀ ဇန်နဝါရီ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာBBC Burmese (၁၆ ဩဂုတ် ၂၀၂၄)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်းMOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များMWD Webportal (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya