၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ မြို့တော် ဘန်ကောက်တွင် မကျင်းပဘဲ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံ၏ မြို့တော်တွင် မဟုတ်ဘဲ ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ချင်းမိုင်မြို့မှာ ဘန်ကောက်ပြီးနောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်မြို့ဖြစ်လာသည်။ ထိုင်းနိုင်ငံသည် ပထမအကြိမ် ၊ စတုတ္ထအကြိမ်၊ သတ္တမအကြိမ်နှင့် ၁၃ကြိမ် အားကစားပွဲတော်များကို လေးကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် ထိုင်းနိုင်ငံအနေဖြင့် ပဉ္စမမြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းပြီးနောက် ဒုတိယမြောက် လက်ခံကျင်းပခြင်း ဖြစ်သည်။ ထိုစဉ်က ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်းက အားကစားပွဲတော်ကို ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာခဲ့၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အဖြစ် အဖွဲ့ဝင် ၁၀နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်သည့် ပွဲတော်လည်းဖြစ်သည်။ နိုင်ငံ အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ အားကစားသမား ၃၂၆၂ယောက်ရှိခဲ့သည်။ အားကစားနည်းပေါင်း ၂၈မျိုးဖြင့် ကျင်းပခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။[၁] လက်ခံကျင်းပခြင်းကြိုတင်ပြင်ဆင်မှုများ၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။ အားကစားကွင်းများ၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၂၃နေရာတွင် ကျင်းပခဲ့သည်။၁၉နေရာမှာ ချင်းမိုင်မြို့တွင်ဖြစ်ကာ ၃မျိုးကို ချောင်ဘူရီ၊ ၁မျိုးကို လန်ဖောင်းတို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ အဓိက လက်ခံကျင်းပရာ အားကစားကွင်းဖြစ်သော နှစ်၇၀၀ပြည့် အားကစားကွင်းကို တည်ဆောက်ခဲ့သည်။ တစ်ချိန်တည်းတွင် ချင်းမိုင် မြို့တည် နှစ် ၇၀၀ပြည့်ချိန်နှင့် တိုက်ဆိုင်နေ၍ နှစ်၇၀၀ပြည့် အားကစားကွင်းဟု အမည်ပေးခဲ့သည်။ ![]()
ပြိုင်ပွဲ အထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဘိုဆန် ( Bo Sang )ထီး တစ်လတ်၏ ပုံဖြစ်သည်။ ထိုအရာမှာ ချင်းမိုင်မြို့အား အားကစားပြိုင်ပွဲကို လက်ခံကျင်းပရာမြို့ အဖြစ် ထင်ဟပ်စေသည်။ ထိုထီး၏ ပုံမှာ ပြေးနေသော အားကစားသမား တစ်ဦး၏ ပုံစံဖော်ထားသည်။ ထိုအားကစားသမားမှာ ပြိုင်ပွဲဝင် အားကစားသမားများ၏ ရဲစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်ကို ဖော်ပြသည့်အပြင် ပြိုင်ပွဲဝင် အားကစားသမားများကိုလည်း ကိုယ်စားပြုသည်။ ထီး၏ အရောင်များဖြစ်သော အပြာ၊ အဝါ၊အနီ၊အနက်နှင့် အစိမ်းရောင်တို့သည် အိုလံပစ် အားကစားပွဲတော်၏ အမှတ်သင်္ကေတမှ အရောင်များဖြစ်ကာ ပြိုင်ပွဲဝင် အားကစားသမားများ၏ အားကစားစိတ်ဓာတ်ကို ပြသသည်။ ကွင်း ၆ကွင်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။ဤကွင်း ၆ကွင်းပါသော အမှတ်တံဆိပ်မှာ အားကစားပြိုင်ပွဲများ စတင်ကျင်းပခဲ့ရာ ၁၉၅၉ခုနှစ်မှ စ၍ ယခု ၁၉၉၇ ဂျကာတာပွဲတော်ကျင်းပသည့် ၁၉၉၇ခုနှစ်အထိ ထည့်သွင်း အသုံးပြုခဲ့သည်။၁၉၉၉ ဘန်ဒါဆရီ ဘီဂါဝမ်ပွဲတော် မှစ၍ ကွင်း ၁၀ကွင်း ပါသော အမှတ်တံဆိပ်ကို စတင် အသုံးပြုခဲ့သည်။ လာဘ်ကောင်၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ထိုင်းကြောင် ဖြစ်သည်။ အမည်မှာ ဆာဝါ့စဒီ (Sawasdee) (ထိုင်း: สวัสดี) ဖြစ်သည်။ လာဘ်ကောင်၏ လက်ထဲတွင် ဘိုဆန်ထီးကို ကိုင်ထားကာ လက်အုပ်ချီထားသည်။ ထိုင်းကြောင်မှာ ထိုင်းမျိုးရင်း ကြောင်များစွာထဲမှ တစ်မျိုး အပါအဝင်ဖြစ်သည်။ လာဘ်ကောင်အဖြစ်နှင့် သူ၏ အမည်ဖြစ်သော ဆာဝါ့စဒီမှာ ထိုင်းဘာသာစကား တွင် နှုတ်ခွန်းဆက်စကား၏ အသံထွက်ဖြစ်သည်။(မြန်မာပြည်တွင် မင်္ဂလာပါ အတိုင်းဖြစ်သည်) ၎င်း၏ ထီးမှာ ပြိုင်ပွဲကို လက်ခံကျင်းပရာ ချင်းမိုင်ဒေသကို ကိုယ်စားပြုသည်။ ထိုဒေသမှ ရွာတစ်ရွာဖြစ်သော ဘိုဆန်ရွာ သည် လက်လုပ် ရိုးရာထီးတစ်မျိုးကြောင့် ထိုင်းနိုင်ငံတစ်ဝန်း ကျော်ကြားသည်။ ပွဲများနှင့်အားကစားဖွင့်ပွဲ အခမ်းအနား၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့က ချင်းမိုင်မြို့ရှိ နှစ်၇၀၀ပြည့် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်း၊ ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ နှင့် ၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အိမ်ရှေ့မင်းသား ဝသိလာ လောင်ကွန်းက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲ အခမ်းအနား၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့က ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ပြည့် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်း၊ ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ နှင့် ၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အိမ်ရှေ့မင်းသား ဝသိလာ လောင်ကွန်းက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၁၉၉၇ ဂျကာတာပွဲတော်ကို လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များအား လွှဲပြောင်း ပေးအပ်ခဲ့သည်။ ပါဝင်သည့် နိုင်ငံများအားကစားနည်းများ
ဆုတံဆိပ်ဇယား၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၃၈ခု၊ ငွေတံဆိပ် ၃၃၁ခု၊ ကြေးတံဆိပ် ၄၁၆ခု၊ စုစုပေါင်း တံဆိပ် ၁၀၈၅ခုကို ချီးမြှင့်နိုင်ခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုကို ရရှိခဲ့သည်။[၂]
* အိမ်ရှင်နိုင်ငံ
ကိုးကား
|
Portal di Ensiklopedia Dunia