ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Karen National Democratic Party, အတိုကောက် KNDP) သည် မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၁] ပါတီ ဥက္ကဋ္ဌ မှာ မန်းအောင်ပြည်စိုးဖြစ်ပြီး၊ ပါတီအထွေထွေအတွင်းရေးမှူးမှာ စောချစ်သန်းဖြစ်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သုဓနုလမ်း၊ ခြံအမှတ် (၄/၄၁၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။[၂] သမိုင်းကြောင်းကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ နှင့် စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၃] ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အတွင်း ပါဝင်ရန် ကမ်းလှမ်းခံခဲ့ရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများထဲ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်းပါဝင်ခဲ့ပြီး ပါဝင်ဖို့ ကမ်းလှမ်းချက်ကို ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက လက်ခံခဲ့သည်ဟု VOA က ဖော်ပြသည်။ လူတစ်ဦး၏ အမည်စာရင်းအား ပေးပို့ခဲ့သည်ဟု ပြောဆိုထားမှုရှိခဲ့သော်လည်း မည်သည့်နေရာ၊ မည်သည့်တာဝန် ရယူခဲ့သနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။[၄] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၉ ပါတီတို့ ၂၀၂၁ မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်း တက်ရောက်ခဲ့သည်။[၅] ၂၀၂၂ မေလ ၁၂ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံမှုလည်း ရှိခဲ့သည်။ [၆] ပါတီမှတ်ပုံတင်ခြင်းကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်သည်။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁၇) ဖြစ်ပါသည်။[၂] ရွေးကောက်ပွဲ ဝင်ပြိုင်မှု၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁၁)နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်( ၆)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)နေရာ တို့တွင် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့သည်။ [၇]နေရာတစ်ခုမှာမှ ရွေးချယ်တင်မြှောက်မခံခဲ့ရပေ။ ကိုးကား
|
Portal di Ensiklopedia Dunia