အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသတွင် တည်ရှိသည်။ ဆောင်းခိုငှက်များနှင့် သူတို့နေထိုင်ကျတ်စားရာ နေရာများကို ထိန်းသိမ်းရန်သည် ဘေးမဲ့တော တည်ထောင်ရသည့်ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဇီဝအဝန်းနယ်မြေ (Bioshpere Reserve) အဖြစ် ယူနက်စကို၊ လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီ (UNESCO Man and the Biosphere Reserve Programme, International Coordinating Council) မှ (၂၇)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုသတ်မှတ်ခဲ့သည်။ တည်နေရာမြောက်လတ္တီတွဒ်၂၀°၁၃'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၅၆'၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များအတွင်း တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၆၄၀.၉၁ စတုရန်းကီလိုမီတာ (၂၄၇.၄၆ စတုရန်းမိုင်) ရှိသည်။ သဘာဝအရင်းအမြစ်များအဓိကအရင်းအမြစ်မှာ ဆောင်းခိုငှက်များနှင့် ဒေသတွင်းငှက်များ နေထိုင်ကျတ်စားကြခြင်း ဖြစ်ပြီး ၁၇၅မျိုးသော မျိုးစိတ်များ ကျတ်စားနေထိုင်ကြသည်ဟု သိရသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များဓာတုဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ မလျော်ညီစွာသုံးစွဲမှုများကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်။ ခရီးသွားလုပ်ငန်း တိုးတက်ကြီးထွားလာသည်နှင့်အညီ သဘာဝပတ်ဝန်ကျင်အား ဂရုစိုက်မှုမရှိသောကြောင့် ပျက်စီးညစ်နွမ်းမှုများ ဖြစ်ပေါ်နေသည်။ ဇုံအတွင်းထုတ်ပြန်ထားသော စည်းကမ်းများကို ဒေသခံတံငါသည်များသည် လေးစားလိုက်နာခြင်းမရှိကြချေ။ အဓိကမှာ စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲလာခဲ့ပြီး ဆင်ခြေလျှောမှ မြေများ တရွေ့ရွေ့ ရေထဲသို့အနည်ထိုင်ခြင်းဖြစ်သည်။ ဤရလဒ်များအဖြစ် ရေတိမ်လာပြီး ရေထုညစ်ညမ်းလာခဲ့သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများရန်ကုန်တက္ကသိုလ်နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း တို့မှ ပူပေါင်းပြီး နှုံးများနှင့် ပိုးသတ်ဆေးများအသုံးပြုခြင်းကို လေ့လာခဲ့ကြသည်။ ခရီးသွားလာရေးလုပ်ငန်းများလမ်းပမ်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
သုတေသနပြုလုပ်နိုင်ခြင်း၊
ကိုးကား
|
Portal di Ensiklopedia Dunia