ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စာရင်းစစ်နှင့် ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (အင်္ဂလိပ်: Office of the Auditor General of the Union) ရှိသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လက်အောက်တွင် ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဒေသစာရင်းစစ်ရုံးများ ရှိသည်။ လက်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်မှာ ဒေါက်တာခင်နိုင်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးစာရင်းစစ်ချုပ်ဖြစ်သည်။ ဒုတိယစာရင်းစစ်ချုပ်မှာ ဒေါ်နိုင်သက်ဦး ဖြစ်သည်။ သမိုင်းကြောင်းမြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ စာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး၊ ယင်း၏လက်အောက်တွင် စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ ငွေစာရင်းဝန် (ကာကွယ်ရေး)ရုံး၊ စာတိုက်နှင့် ကြေးနန်းငွေစာရင်းဝန်ရုံးနှင့် ဒေသန္တရအဖွဲ့ ငွေစာရင်းဝန်ရုံးများကို ဖွဲ့စည်းခဲ့သည်၊၊ လွတ်လပ်ရေးရရှိသည့်အခါ ၁၉၄၈ ခုနှစ် စာရင်းစစ်ချုပ်အက်ဥပဒေအရ မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး ယင်းလက်အောက်တွင် အထက်ဖော်ပြပါ စာရင်းနှင့် စာရင်းစစ်ဌာနများအပြင် ၁၉၅၅ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကို စစ်ဆေးရန် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံးကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့ပြင်စာရင်းကိုင်ခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ရုံးလုပ်ငန်း ကိစ္စများ စီမံခန့်ခွဲဆောင်ရွက်ခြင်း ကဲ့သို့သော လုပ်ငန်းခွင်နယ်ပယ် အသီးသီးတွင် ကျွမ်းကျင် ဝန်ထမ်းများ ဖြစ်လာစေရန်အတွက် ၎င်းတို့၏ လုပ်ငန်းခွင်ဗဟုသုတနှင့် စွမ်းရည်များ တိုးမြှင့်လာစေရန် အစိုးရဌာနများ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် စာရင်းနှင့်စာရင်းစစ်ဌာနများ၏ အငယ်တန်းဝန်ထမ်းများထဲမှ ရွေးချယ်ထားသူများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၈ ခုနှစ် ဧပြီလတွင် နိုင်ငံတော်အစိုးရမှ စာရင်းနှင့်စာရင်းစစ်ပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသင်တန်းကျောင်းကို စာရင်းစစ်ချုပ်၏ ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် စာရင်းစစ်ဌာန ဖွဲ့စည်းမှုကို ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ထားရှိခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၅ အရ ၁၉၇၄ခုနှစ် တွင် ပြည်သူ့လွှတ်တော်က ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ယင်း ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်/တိုင်းနှင့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာအဆင့်အလိုက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥပဒေပုဒ်မ ၆၇ ဖြင့် ၁၉၄၈ ခုနှစ် စာရင်းစစ်ချုပ် အက်ဥပဒေကို ရုပ်သိမ်းခဲ့ပသည်။ ယခင်စာရင်းစစ်ချုပ်လက်အောက်ရှိ စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး၊ စာတိုက်နှင့်ကြေးနန်း ငွေစာရင်းဝန်ရုံး၊ ဒေသန္တရအဖွဲ့ ငွေစာရင်းဝန်ရုံးနှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံးနှင့် စာရင်းနှင့်စာရင်းစစ်ပညာ လေ့ကျင့်ရေးသင်တန်းကျောင်းတို့ ပူးပေါင်းပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဗဟိုစာရင်းရုံးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ငွေစာရင်းဝန်(ကာကွယ်ရေး) ရုံးကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်သို့ ၁၉၇၂ - ၇၃ နှစ်ကုန်တွင် လွှဲပြောင်းပေးခဲ့သည်၊၊ ပြည်နယ်/တိုင်းနှင့် မြို့နယ်အဆင့်တို့တွင်လည်း စာရင်းရုံးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်စွဲပါ အမိန့်အမှတ်၊ ၅/၈၈ ဖြင့် စာရင်းစစ်ချုပ်ဥပဒေ ပြဋ္ဌာန်းကာ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးဥပဒေကို ရုပ်သိမ်းခဲ့သည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၇ ရက်စွဲပါ အမိန့်အမှတ် ၇/၈၈ ဖြင့် စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ နိုင်ငံတော်အာဏာကို အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၂၀၁၀ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေသစ်ဖြင့် ၁၉၈၈ ခုနှစ် စာရင်းစစ်ချုပ်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ဗဟိုမှ အာဏာခွဲဝေပေးသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီး၊ စာရင်းစစ်ချုပ်ဥပဒေသစ်အရ စာရင်းစစ်ရုံးများ၏ ဖွဲ့စည်းပုံသည် ယခင်နှင့် ကွဲပြားခြားနားသွားခဲ့သည်။ ယခုအခါ ၂၀၁၀ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေသစ်ဖြင့် ပြည်ထောင်စု အဆင့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း ပြည်နယ်/တိုင်းဒေသကြီး စာရင်းစစ်ချုပ် (၁၄)ဦး ခန့်အပ်ထားသည်၊၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ [၁] ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မူလဖွဲ့စည်းပုံအင်အားပြောင်းလဲမှုမရှိဘဲ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အသစ် (၁) ခုတိုးချဲ့၍ ပြင်ဆင်ဖွဲ့စည်းသည်။ [၂] တာဝန်ထမ်းဆောင်ခဲ့သူများမြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ မှ ယနေ့ခေတ်ကာလ အထိ စာရင်းစစ်ချုပ် အဖြစ်တာဝန်ယူခဲ့ကြသူများမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]
အရပ်သား
စစ်မှုထမ်း
စာရင်းစစ်ချုပ်ရုံး၏ ဖွဲ့စည်းပုံ
ရုံးဖွဲ့စည်းပုံ![]() ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံး အဆင့်ဆင့်တို့ကို အောက်ပါ အတိုင်း ဖွဲ့စည်းထားသည်။[၄]
ဖြစ်ရပ်များ၂၀၁၅ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ဝန်ကြီးဌာနများ၏ ရငွေ/သုံးငွေများကို ၅၇.၈၄ ရာခိုင်နှုန်းသာ စစ်ဆေးနိုင်ခဲ့ပြီး၊ ရာနှုန်းပြည့်စစ်ဆေးနိုင်ပါက နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုများကို ပိုမိုဆယ်တင်နိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ၂၀၁၃-၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမခြောက်လပတ်များအတွင်း စစ်ဆေးနိုင်ခဲ့သည့် ဘီလျံ ၃၈၈၆၃ ကျပ်အနက် ဘီလျံ ၂၂၄၇၇ ကျပ်သာ စစ်ဆေးနိုင်ခဲ့သော်လည်း ဘီလျံ ၂၂.၆၉၉ ကျပ် ပြန်လည်ရရှိရန် ငွေများကို ဖော်ထုတ်နိုင်ခဲ့သည်။ ရာနှုန်းပြည့်စစ်ဆေးနိုင်ပါက ဘီလျံ ၃၉.၂၄၄ ကျပ်အထိ ဖော်ထုတ်နိုင်မည်ဟု ခန့်မှန်းထားသည်။[၅] အစီရင်ခံစာတွင် အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့နှင့် Sky Net တို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အကျိုးအမြတ်ခွဲဝေမှုများကို ပြန်လည်စိစစ်၍ စနစ်တကျစာချုပ်ချုပ်ဆိုရန်၊ သမဝါယမဝန်ကြီးဌာန၏ ငွေချေးလုပ်ငန်းများတွင် ရှေ့နေချုပ်ရုံး၏ အကြံဉာဏ်ဖြင့် ခိုင်မာသည့် စာချုပ်များ ချုပ်ဆိုရန်၊ စီးပွားရေးအရ တွက်ခြေမကိုက်သည့် ကျောက်ဆည်မှန်စက်ရုံ ဆက်လက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန်လည်း တိုက်တွန်းထားသည်။[၅] ထို့အပြင် ဝန်ကြီးဌာနများအနေဖြင့် စာရင်းစစ်ကန့်ကွက်ချက်များအပေါ် ထိရောက်သော ပြုပြင်မှုများပြုလုပ်ရန်၊ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးရန်၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းဖောက်ဖျက်မှုများ လျှော့ချရန် ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်နှင့် လုပ်ငန်းခွင်သင်တန်းများ ပေးသင့်ကြောင်း အစီရင်ခံစာက အကြံပြုထားသည်။ နိုင်ငံတော်ဘဏ္ဍာများ ထိရောက်စွာသုံးစွဲနိုင်ရန်နှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရန် စာရင်းစစ်ချုပ်ရုံး၏ တွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မှသာ အောင်မြင်မည်ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။[၅] ၂၀၂၀ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၃၉ ပါ ကန့်သတ်ချက်ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန၏ မြေငှားရမ်းမှုများကို ကြီးကြပ်စစ်ဆေးခွင့်မရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက ပြောကြားခဲ့သည်။[၆] ရန်ကုန်မြို့ရှိ စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် တည်ဆောက်နေသည့် Y Complex စီမံကိန်း (ကြယ်ငါးပွင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော ကန်ဒေါ်လာ ၃၃၂ သန်းတန် စီမံကိန်း) မှ ကာကွယ်ရေးဝန်ကြီးဌာနသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရရှိနေကြောင်း Myanmar Now က မေးမြန်းရာတွင် ယင်းသို့ဖြေကြားခြင်းဖြစ်သည်။[၆] အဆိုပါမြေနေရာကို ကာကွယ်ရေးဝန်ကြီးဌာနပိုင် စစ်ထောက်ချုပ်ရုံးမှ ဧရာဟင်္သာ ကုမ္ပဏီလက်အောက်ခံ Yangon Technical and Trading (YTT) သို့ ၂၀၁၃ ခုနှစ်တွင် နှစ် ၅၀ ငှားရမ်းခဲ့ပြီး နှစ်ကြိမ် ၁၀ နှစ်စီ သက်တမ်းတိုးခွင့် ပေးထားသည်။ မြေငှားရမ်းခများကို တပ်မတော်၏ ဘဏ်စာရင်းတစ်ခုသို့ လွှဲပေးရမည်ဟု စာချုပ်တွင် ဖော်ပြထားသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးရှင်းတမ်းများတွင် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။[၆] Justice for Myanmar အဖွဲ့ကမူ Y Complex စီမံကိန်းမှ ဝင်ငွေသည် အရပ်သားအစိုးရ၏ ကြီးကြပ်မှုမရှိဘဲ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း ဝေဖန်ထားသည်။ ယင်းစီမံကိန်းတည်ဆောက်ရာနေရာသည် သမိုင်းဝင် ဂျူဗလီဟောနှင့် စစ်သမိုင်းပြတိုက်ဟောင်း နေရာဖြစ်ခဲ့သည်။[၆] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia