တံတားဦး-မြင်းခြံ ရထားလမ်းတံတားဦး-မြင်းခြံ ရထားလမ်း သည် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ငါးန်ဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ရထားလမ်းပိုင်းဖြစ်သည်။ [၁] သမိုင်းကြောင်းအဆိုပါလမ်းပိုင်းရှိ မြင်းခြံ-မြို့သာ လမ်းပိုင်းသည် မူလက တည်ရှိခဲ့ပြီး ၁၉၂၉ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့တွင် လည်းကောင်း၊ မြို့သာ-ပုလိပ်လမ်းပိုင်းတွင်လည်း ၁၉၃၀ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့တွင်လည်းကောင်း ရထားများပြေးဆွဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး ၁၉၄၃ခုနှစ်တွင် ဂျပန်များမှ ယိုးဒယား-မြန်မာရထားလမ်းပိုင်း ဖောက်လုပ်ခဲ့ရာ အထက်ဖော်ပြရထားလမ်းပိုင်းမှ သံလမ်းနှင့်သံလမ်းဆက်ပစ္စည်းများအား ဖြုတ်ယူသွားသည်မှ စ၍ ရထားဆက်သွယ်လမ်းကြောင်း ပြတ်တောက်ခဲ့ရသည်။[၁] ထို့ကြောင့် ၁၉၉၀ခုနှစ်တွင် တံတားဦး-မြင်းခြံရထားလမ်းကို တံတားဦးမြို့နယ်၊ ငါးန်ဇွန်မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်၊ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့များ၏ ကြီးကြပ်မှုနှင့် မြန်မာ့မီးရထားမှ တာဝန်ယူ၍ ပြန်လည်တည်ဆောက်ခဲ့သည်။ တာဝန်ခံအင်ဂျင်နီယာမှာ ဦးအုန်းလွင်၊ တိုင်းအင်ဂျင်နီယာ၊ တိုင်း(၃) ဖြစ်သည်။ အဆိုပါ ၆၂.၅၇မိုင်ရှည်လျားသော ရထားလမ်းပိုင်းကို လမ်းပိုင်း(၄)ခုခွဲ၍ ဖောက်လုပ်ခဲ့သည်။ [၁]
ကိုးကား |
Portal di Ensiklopedia Dunia