မြန်မာ့ယဉ်ကျေးမှု
မြန်မာ့ယဉ်ကျေးမှု သည် အရှေ့တောင်အာရှဒေသရှိ ပေါ်ပေါက်ခဲ့သော မြန်မာလူမျိုးအခြေပြု နိုင်ငံအသီးသီး ခေတ်အသီးသီးမှ ပြုစု ထွန်းကားလာသည့် ထင်ရှားသည့် ယဉ်ကျေးမှုကြီးတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်နိုင်ငံများသို့ သက်ရောက်လွှမ်းမိုးနိုင်ခဲ့သည်။ ဗုဒ္ဓဘာသာ ၏လွှမ်းမိုးမှု အထူးပင်ရှိသည်။ ပတ်ဝန်းကျင်လူမျိုးများ၏ ထုံးတမ်းအစဉ်အလာ လွှမ်းမိုးမှုများလည်း တွေ့နိုင်သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု လက်အောက်တွင် ဘာသာစကားနှင့် ပညာရေး အပါအဝင် မြန်မာ့ယဉ်ကျေးမှုများ၌ အနောက်တိုင်း လွှမ်းမိုးမှုများ များစွာမိတ်ဆက်သက်ရောက်လာခဲ့သည်။ အနုပညာသမိုင်းကြောင်းအရ မြန်မာ့အနုပညာသည် ဗုဒ္ဓဘာသာနှင့် ၎င်းမူလအခြေပြုရာ အိန္ဒိယတိုက်ငယ်မှအယူအဆများအပေါ်တွင် များစွာအခြေခံထားသည်။ နိုင်ငံတစ်ဝန်းတွင် ထွန်းကားရာ ခေတ်အဆက်ဆက်အလျောက်၊ ဒေသအလျောက် မတူညီသည့်သွင်ပြင်ပုံစံများဖြင့် ဗုဒ္ဓရုပ်ပွားတော်များစွာသည် တည်ရှိနေကြသည်။ ဥပမာအားဖြင့် ၁၈၀၀ ပြည့်နှစ်များနောက်ပိုင်းတွင် ပေါ်ထွက်လာသည့် မန္တလေးလက်ရာပုံစံဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်သည် ဘဲဥပုံသဏ္ဌာန်ဖြစ်နေကာ မျက်ခုံများသည် သဘာဝအတိုင်းကွေးနေခြင်း၊ နားများသည် သေးငယ်သော်လည်း သိသာထင်ရှားခြင်းနှင့် သင်္ကန်းတော်သည် အတွန့်ပုံစံဖြင့် ရှိနေခြင်း ဖြစ်သည်။ မြန်မာလက်မှုပညာရပ်တွင် ပန်းဆယ်မျိုး ရှိသည်။ ၎င်းပန်းဆယ်မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။ ထို့အပြင်မြန်မာ့ရိုးရာအနုပညာများတွင် ယက္ကန်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ကျောက်မျက်ရတနာထွင်းသည့်လုပ်ငန်း၊ ရွှေမျက်ပါးခတ်သည့်လုပ်ငန်းများ ဖြစ်ကြသည်။ စေတီပုထိုးများကို များသောအားဖြင့် အုတ်များနှင့် အင်္ဂတေများဖြင့် တည်ဆောက်ထားကြသည်။ စေတီပုထိုများ၌ ရွှေဝါရောင်ထီးတော်များ ရှိကြပြီး ဘုန်းကြီးကျောင်းတော်များတွင် သစ်သားဖြင့် ပြုလုပ်ထားသည့် မုခ်ဦးများ ရှိကြသည်။ ထိုကဲ့သို့သော မြန်မာ့ဗိသုကာကို ပြာသာဒ်ဟု ခေါ်သည်။ စာပေအကဂီတသီချင်းစကားပြောဆိုခြင်းအမူအရာဟင်းလျာမြန်မာရိုးရာမုန့်ဟင်းခါး, ထိုးမုန့်,မုန့်လုံးရေပေါ်,ကရေကရာ,ထန်းလျက် မင်္ဂလာဆောင်နာရေးကိုးကွယ်ယုံကြည်မှုစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများရိုးရာပွဲတော်မျာအားကစားများဘောလုံးဘောလုံးအားကစားသည် မြန်မာနိုင်ငံ၌ လူကြိုက်အများဆုံး အားကစားဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ် ၁၉ ရာစုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလားခဲ့သည်။ ဘောလုံးကဲ့သို့ပင် ခြေထောက်နှင့် ဒူးအသုံးပြုကစားသော ခြင်းလုံး ကစားခြင်းသည် ရိုးရာအားကစားနည်းတစ်ခု ဖြစ်သည်။[၁] လက်ဝှေ့လက်ဝှေ့အားကစားသည် တိုက်ခိုက်ရေးအားကစားထဲတွင် လူကြိုက်အများဆုံး အားကစားဖြစ်ပြီး။ မြန်မာရိုးရာ တိုက်ခိုက်ရေးအားကစားဖြစ်သည့် ဗန်တို၊ ဗန်ရှည်နှင့် နပန်း သည်လည်း လူကြိုက်များသည်။ ဖော်ပြထားသည် တိုက်ခိုက်ရေးအားကစားများကို မြန်မာတို့က သိုင်းဟု ခေါ်ဆိုကြသည်။ လှေပြိုင်ပွဲလှေပြိုင်ပွဲများကို တော်သလင်းလတွင် ကျင်းပပြုလုပ်လေ့ရှိသည်။ မြင်းခင်းသဘင်ရှေးဘုရင်များလက်ထက်က မြင်းခင်းသဘင်များကို ပြာသိုလတွင် ကျင်းပပြုလုပ်ခဲ့သည်။ ခရစ်ကတ်ဗြိတိသျှတို့အုပ်စိုးစဉ်က ခရစ်ကတ်ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ရာ ဗမာ အမျိုးသား ခရစ်ကတ်အသင်းသည် ပထမတန်းပြိုင်ပွဲများတွင် ကစားခဲ့သည်။ ယနေ့ခေတ်တွင် အသင်းဆက်လက်တည်ရှိနေသော်လည်း ပထမတန်းအဆင့်တွင် ရှိမနေတော့ပေ။ ဘတ်စကတ်ဘောဘတ်စကတ်ဘောအသင်းလည်းရှိပြီး အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသည်။ ရုပ်ရှင်နှင့် ဓာတ်ပုံမြန်မာ့ပထမဆုံးရုပ်ရှင်ကို ၁၉၂၀ ခုနှစ် ဇွန်လတွင် လန်ဒန်မှာ မြန်မာလွတ်လပ်ရေး အတွက် မဲဆွယ်ခဲ့သူ နိုင်ငံရေးသမာ ဦးထွန်းရှိန် ဈာပနကို မှတ်တမ်းတင် ရုပ်ကူးခဲ့သည်။ ၁၉၂၀ ခုနှစ်နှင့် ၁၉၃၀ ခုနှစ် ကာလတွင် မြန်မာ့ပိုင် ရုပ်ရှင်ကုမ္ပဏီ အများအပြာရှိခဲသည်။ မြန်မာ့ပထမဆုံးသော အသံပါသည့် ရုပ်ရှင်ကို ၁၉၃၂ ခုနှစ် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် "ငွေပေးလို့မရ" အမည်ဖြစ် ထုတ်လုပ်ခဲသည်။ လူမှုရေးပြဿနာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့် ရုပ်ရှင်များသည် ၁၉၃၀ ခုနှစ်များတွင် ရေပန်းစားလာခဲ့သည်။ နိုင်ငံတော် အားလပ်ရပ်များ
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia