မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (အင်္ဂလိပ်: New Mon State Party (Anti-Military Dictatorship)) သည် မြန်မာနိုင်ငံရှိ မွန်လူမျိုး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ခွဲထွက်ပေါ်ပေါက်လာသော အဖွဲ့အစည်းဖြစ်သည်။ သမိုင်းကြောင်း၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် "မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)" အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာခဲ့သည်။[၁][၂] မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)[၃] ကို မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့ ဦးဆောင်သည်။[၄] ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ပြောရေးဆိုခွင့်ရှိသူက ဒေသခံ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၅] မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အမှတ် (၅) တပ်ရင်းတစ်ခုလုံး သည် ၎င်းတို့၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗွတ်မွန် ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် တပ်ရင်းဖြစ်သည်။[၆]မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အမှတ် (၅) တပ်ရင်းတစ်ခုလုံး သည် ၎င်းတို့၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗွတ်မွန် ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် တပ်ရင်းဖြစ်သည်။[၇] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia