တြိဂံဒေသတိုင်းစစ်ဌာနချုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်
တသခ
တြိဂံဒေသတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
ပင်မတပ်ဖွဲ့
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်တြိဂံ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ်/ဗိုလ်ချုပ် စိုးလှိုင်
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး ကျော်နိုင်စိုး
အဆောင်အယောင်များ
အလံတော်

တြိဂံဒေသတိုင်းစစ်ဌာနချုပ် (အတိုကောက် တသခ) သည် ကျိုင်းတုံမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။

အဓိက တာဝန်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။

လက်ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် စိုးလှိုင် - ကြည်း - ၂၉၂၀၈ (တေဇ - ၂၄) ဖြစ်သည်။

သမိုင်း

၁၉၆၁ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ရပခလက်အောက်ရှိ မြောက်ပိုင်းဒေသအား ခွဲထုတ်၍ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။၁၉၉၆ခုနှစ်တွင် ရှမ်းပြည်အရှေ့ပိုင်းဒေသကိုခွဲထုတ်ကာ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဟူ၍ ဖွဲ့စည်းခဲ့သည်။[][] နိုင်ငံ​တော်သမ္မတ အငြိမ်းစား ဦးသိန်းစိန် နှင့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့မှာ တိုင်းမှူးများအဖြစ် ​ဆောင်ရွက်ခဲ့ကြဖူးသည်။

ဖွဲ့စည်းပုံ

စစ်ဗျူဟာများ

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်ချုပ် သိန်းစိန် (ကြည်း - ၁၁၂၅၂) (စတသ - ၉)
  • ဗိုလ်ချုပ် ချစ်သန်း (စတသ - ၁၅)
  • ဗိုလ်ချုပ် မင်းအောင်လှိုင် (ကြည်း - ၁၄၂၃၂) (စတသ - ၁၉)
  • ဗိုလ်ချုပ် ကျော်ဖြိုး (ကြည်း - ၁၆၅၂၁) (စတသ - ၂၂)
  • ဗိုလ်ချုပ် သန်းထွန်းဦး (ကြည်း - ၁၇၄၃၂)
  • ဗိုလ်ချုပ် အောင်ဇော်အေး (ကြည်း - ၂၀၁၇၅) (စတသ - ၂၈)
  • ဗိုလ်ချုပ် ခင်လှိုင် (ကြည်း - ၂၂၃၈၃) (တေဇ - ၁၇)
  • ဗိုလ်ချုပ် မျိုးမင်းထွန်း (ကြည်း - ၂၇၉၈၄) (တေဇ - ၂၃)
  • ဗိုလ်ချုပ် နီလင်းအောင် [] (ကြည်း - ၂၇၁၆၀) (စတသ - ၃၇)
  • ဗိုလ်ချုပ်အောင်ခိုင်ဝင်း[] (ကြည်း - ၂၅၉၅၇) (စတသ - ၃၆)[]
  • ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် စိုးလှိုင် ယခင်တတက၁၂ကျောင်းအုပ်ကြီး တပ်မ၉၉တပ်မမှူး ရမခတိုင်းမှူး(ကြည်း - ၂၉၂၀၈) (တေဇ - ၂၄)

ကိုးကား

  1. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  2. မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇ / ၂ဝ၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်းMOI Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်BBC Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်MOI Myanmar (၃ ဇွန် ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန်

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya