အရိယသာဝက
(ခ) အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်။ (ပြလတ္တံ့သော သာဓကတို့တွင် အံ၊ ဋ္ဌ-၌ ၄-ချက် ခွဲပြထား၏။ [၂]
ဤသို့ လေးချက်ခွဲပြီးနောက်တဖန် “ခန္ဓာ အာယတန စသည်တို့ကို ကြားနာပြီး ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် သိမြင်ပြီး၍ သုတရှိသော အရိယ သာဝက”ဟု အထူးဆိုရာ၌ကား ၎င်းသုတရှိသော လူ၊ ရဟန်းအားလုံးကို အရိယသာဝက ဟု ခေါ်နိုင်ကြောင်း မိန့်ဆို၏။ ဣတိဝုတ်၊ ဋ္ဌ-၌ကား
ပိဋကတ်လမ်းညွန်မှ အရိယသာဝကအကြောင်းများအရိယာသာဝကတို့ ပြည့်စုံသောတရား ၁၅-ပါးကို “သေခသုတ်”၌ ဟောထား၏။ [၄] အရိယာသာဝကတို့ မကြောက်သောဘေး ၅-ပါးမှာ [၅]
အရိယာသာဝကတို့မှာ လူ နတ် ဗြဟ္မာ ဈာန် ပဋိပဒါ သညာ စသည်တို့၌ ငြီးငွေ့ကြကြောင်း ပဌမကောသလသုတ် [၆]၌ ပါ၏။ အရိယာသာဝကတို့မှာ ဘုရားရှင်နှင့် ဘုရားရှင်၏ သာသနာတော်၌ ယုံမှားမှု မရှိကြကြောင်းနှင့် ဣန္ဒြေ ၅-ပါး (သဒ္ဓိန္ဒြေ စသည်) ဖြစ်ကြ၏။ အာပဏသုတ်။ ။ [၇] အရိယသာဝကသုတ်[၈] အရိယာသာဝကတို့မှာ ပဋိစ္စသမုပ္ပါဒ်၌ အမှန်အတိုင်း သိကြ၏ဟူလို။ [၉] အရိယာပုဂ္ဂိုလ်တို့မှာအံ့ဩဘွယ်ရှိအောင် မပြုလုပ်တော့ပြီ၊ (ဝါ) သာဌေယျအမှု မပြုတော့ပြီ ဟူလို။ [၁၀] အရိယာပုဂ္ဂိုလ်တို့အား မာယာ သာဌေယျတရားများ မရှိတော့ပြီ ဟူလို။ ။ မာယာ-လွန်ကျူးမိသောအပြစ်ကို သူတပါးတို့ မသိအောင်ဖုံးထားတတ်မှု။ ။ သာဌေယျ-မရှိသော ဂုဏ်ကို ရှိလေဟန် ကြွားဝါတတ်မှုတည်း။ အရိယာသာဝကဟူ၍ စခေါ်ရပုံ [၁၁] အရိယာနှင့် သာဝကခွဲပြပုံ၊ [၁၂] လေးချက်လှည့်ပြထား၏။ [၁၃] အရိယာပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် လက်ယာနံတောင်း စောင်းလျက်သာ သေလွန်ကြ၏ဟု ဆိုထားပုံ။ ။ [၁၄] အာဒိယသုတ်၌ [၁၅] အရိယာတို့ ပစ္စည်းရှာကြခြင်းအကြောင်း ၅-မျိုးကို ဟောထား၏၊ ဂါထာများပါ၏။ အာပဏသုတ်၌ [၁၆] အရိယာသာဝကတို့မှာ ဘုရားရှင်နှင့် ဘုရားရှင်၏ သာသနာတော်၌ ယုံမှားမရှိကြကြောင်းနှင့် ဣန္ဒြေ ၅-ပါးဖြစ်ပုံကို ဟောထား၏။ ဣန္ဒြေ ၅-ပါး၏ အဿာဒ အာဒီနဝ နိဿရဏ ဤသုံးချက်ကိုသိလျှင် အရိယာ ဖြစ်ကြောင်း ဟောသော သောတာပန္နသုတ် (ပ-ဒု) [၁၇] ။ အရဟန္တသုတ်၊ (ပ-ဒု)။ အဂ္ဂပ္ပသာဒသုတ်၌ [၁၈] အမြတ်၌ ကြည်ညိုလျှင်(ဘုရားရှင်, သမ္မာမဂ္ဂင် ၈-ပါး, နိဗ္ဗာန် အရိယာသံဃ) မြတ်သော အကျိုးကို ရကြောင်း ဟော၏၊ အမျိုးအနွယ် ၈-မျိုးတွင် အရိယာဝံသသာ အမြတ်ဆုံး ဖြစ်ကြောင်း၊ [၁၉] ၁-ခတ္တိယဝံသ၊ ၂-ဗြာဟ္မဏဝံသ၊ ၃-ဝေဿဝံသ၊ ၄-သုဒ္ဒဝံသ၊ ၅-သမဏဝံသ၊ ၆-ကုလဝံသ၊ ၇-ရာဇဝံသ၊ ၈-အရိယဝံသ၊ အရိယာ ဖြစ်သော ရောဇမည်သော မလ္လာမင်းက သူ၏ပစ္စည်းလေးပါးကိုသာ အလှူခံတော်မူကြရန် သူတပါး၏ ပစ္စည်းလေးပါးကို အလှူမခံကြရန် တောင်းပန်ခန်း။ ။ [၂၀] ဘုရားရှင် ခွင့်ပြုတော်မမူ။ အရိယာ သာဝကတို့ ကြီးပွားကြောင်း ၅-ပါး၊ ဝုဍ္ဎီသုတ်၊ [၂၁] (သဒ္ဓါ သီလ သုတ စာဂ ပညာ)။ ။ ၁၀မျိုး၊ ဝဍ္ဎီသုတ်၊ [၂၂] အထက်ပါ ၅-ပါးနှင့် ခေတ္တဝတ္တု၊ ဓနဓည၊ ပုတ္တဒါရ၊ ဒါသကမ္မကရပေါရိသ၊ စတုပ္ပဒ၊ ပေါင်း ၁၀-ပါး။ အရိယာတို့ ဝိနည်း (ဆုံးမမှု) ၌ သီချင်းဆိုခြင်းသည် ငိုသည်မည်၏။ ။ ကခြင်း သည် ရူးသည်မည်၏၊ ပြင်းစွာရယ်ခြင်းသည် လူငယ်ဆံ၏ဟု ဟောထားသော ရုဏ္ဏသုတ်၊ [၂၃] အရိယာကထာ ၁၀-မျိုးရထဝီနီတသုတ်၊ [၂၄] အကျယ်ဟောထား၏။ ။ [၂၅] ၎င်း ကထာ ၁၀-မျိုးကို သီလ, သမာဓိ, ပညာထဲ သွင်းပြပုံ။ ။ [၂၆] (ပ-ဒု) ကထာဝတ္ထုသုတ်။ ။ [၂၇]
အရိယဝေါဟာရ... အရိယာတို့ပြောဆိုသောစကားများ။ [၂၈]။ အနရိယဝေါဟာရသုတ်များ၊ [၂၉] ဝေါဟာရသုတ်၊ [၃၀] [၃၁] ပိလိန္ဒဝစ္ဆမထေရ်ဝတ္ထု။ အရိယဝေါဟာရ ၁၂-ချက် ရေတွက်ပြပုံမုသာဝါဒါ ဝေရမဏိ၊ ပိသုဏာယ ဝါစာယ ဝေရမဏိ၊ ဖရုသာယ ဝါစာယ ဝေရမဏိ၊ သမ္ဖပ္ပလာပါ ဝေရမဏိ၊ ဤ ၄-ချက်မှာ သိသာပြီ။ ။
တနည်း၊ အရိယာတို့ မပြောသော စကားများ၊ [၃၂] အရိယာပုဂ္ဂိုလ်တို့မှာ အပါယ်လေးပါးမှအပ ဖြစ်ပြီး (ဝါ) ကင်းလွတ်ပြီးသော်လည်း ဝဋ်ကြွေးကိုမူ ခံကြရသေးကြောင်း၊ ထို့ကြောင့် ဝဋ်မှာအမြဲ-ငရဲမှာအပဟု ပြောစမှတ်ပြုကြ၏။ ကြည့်ပါ။ အရိယာတို့၏ ကိုယ်ကျင့်သီလအဂတိ ၄-ပါးကို အရိယာပုဂ္ဂိုလ်တို့ လုံးဝမလွန်ကျူးကြတော့ကြောင်း အဘိ၊ ဝိသုဒ္ဓိ-ဝိနယ-ဒီဃတို့၌ ဟောပြ ဖွင့်ပြထား၏။ ။ [၃၃] အဘိသန္ဒသုတ်၌ [၃၄] ရတနာသုံးပါး၌ သက်ဝင် ယုံကြည်မှု ၅-ပါးသီလ လုံခြုံမှုနှင့် ပြည့်စုံသော အရိယာပုဂ္ဂိုလ်တို့၏ ကုသိုလ် ပမာဏကို ရေတွက်ခြင်းငှါ မတတ်နိုင်ကြောင်း ဟောထား၏။ အရိယာ ပုဂ္ဂိုလ်တို့မှာ ပါဏာတိပါတ အမှုကို ကိုယ်တိုင်မပြုရုံသာ မဟုတ်၊ တိုက်တွန်းခြင်း၊ ချီးမွမ်းခြင်းကိုပင် မပြုကြကြောင်း။ ။ [၃၅] အရိယာ ရဟန်းတော်တို့မှာ မဂ်ရသည်နှင့်တပြိုင်နက် ဝိကာလဘောဇန သိက္ခာပုဒ် လုံခြုံတော့ကြောင်း။ ။ [၃၆] ဝိကာလဘောဇန သိက္ခာပုဒ်ကိုမပညတ်မီကပင် အရိယာပုဂ္ဂိုလ်တို့မှာ နေလွဲအခါ၌ စားသောက် မှုမရှိတော့ကြောင်း။ အရိယာ ရဟန်းတော်တို့မှာ သံဃာ့လာဘ်တည်းဟူသော အကြောင်းကြောင့် ငြင်းခုံမှု၊ ခိုက်ရန်ဖြစ်မှု မရှိတော့ကြောင်း ဂါထာ။ ။ [၃၇] အရိယာဖြစ်ပြီးသောရဟန်း သာမဏေတို့ လူအဖြစ်သို့ ပြန်၍ မဆင်းသက်တော့ကြောင်း၊ [၃၈] မေထုန်မှီဝဲမှုလည်းမရှိတော့ကြောင်း။ ။ [၃၉] ။ ပုတ္တသုတ် [၄၀] ။ ပပတိတသုတ် [၄၁] ။ ပါရာဇိက လေးပါး လုံခြုံတော့ကြောင်း၊ [၄၂] ပဌမသိက္ခာသုတ်။ ။ ကဠာရသုတ်၊ [၄၃] အရိယာလင်မယားတို့ ကိုယ့်ဘို မငဲ့ကြဘဲ လှူကြမှုအတွက် တတိယပါဋိဒေသနီယသိက္ခာပုဒ်ကို ပညတ်တော်မူရပုံ။ ။ [၄၄] ။ ဦနပဉ္စဗန္ဓန သိက္ခာပုဒ်၊ ဝိ-၁-ပါ-၃၅၅၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၂၈၆။ ။ အရိယာလူတို့မှာ ရဟန်းကိုမြင်လျှင် မလှူဘဲ မနေနိုင်ကြပုံ၊ [၄၅] အရိယာရဟန်းတော်တို့ တောင်းခြင်းကား ရပ်ခြင်းသာတည်းဟုမိန့်ဆိုထားပုံ [၄၆] မူရင်းမှာ အဋ္ဌိသေနကဇာတ် [၄၇] အရိယာပုဂ္ဂိုလ်တို့အား သင့်တတ်သောအာပတ်များ[၄၈] ဂရုကအာပတ်တွင် ကုဋိကာရသိက္ခာပုဒ်နှင့် တူသော လဟုကအာပတ်တွင် သဟသေယျသိက္ခာပုဒ်နှင့်တူသော အစိတ္တက အာပတ် များတည်း၊ သင့်သော အာပတ်များကိုလည်း ဖုံး၍ မထားတတ်ကြပေ။ ။ စေတနာနှင့် အာပတ်ကို မလွန်ကြူးတော့ကြောင်း၊ [၄၉] ။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် အချို့ကို လွန်ကြူကြသေးကြောင်း၊ သို့သော် ဓုဝသီလ ဌိတသီလ ဖြစ်ကြောင်း ဟောသော ပဌမသိက္ခာသုတ်၊ [၅၀] ။ လောကဝဇ္ဇသိက္ခာပုဒ်ကို အသက်ပင် စွန့်ရစေကာမူ မလွန်ကြူးတော့ကြောင်း၊ [၅၁] အရိယာ ၄-မျိုး[၅၂] ဤ၌ အကျယ်ပြထား
အရိယာ ပုဂ္ဂိုလ်တို့သာ သိ၍ ကျင့်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသော အရာ(၇)မျိုး
အရိယာတိုနှလုံးမသွင်းသော၊ မပြုလုပ်သော အရာများ
၎င်းတို့ မပြုသောအရာများ၊ အဘဗ္ဗသုတ်၊ ၅-သုတ်၊ [၅၅] ဤ၌ ပဉ္စာနန္တရိယကံ ၅-ပါး၊ ဘုရားရှင်၏ ဓာတ်တော်များ ကိန်းဝပ်ရာစေတီတော်ကို ဖျက်ဆီးခြင်း၊ အညတိတ္ထိယ သာသနာ၌ ဆရာရှာခြင်း၊ အလှူခံရှာခြင်း၊ လောကီမင်္ဂလာဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု ယုံကြည်ခြင်း၊ ဤအချက်များကိုလည်း မပြုလုပ်တော့ကြောင်း ဖွင့်ပြထား၏။ မျက်နှာလိုက်၍ ပေးကမ်းမှု မရှိကြောင်း ဟောသော ဂုဏဇာတ် [၅၆] ကျေးဇူးရှိဘူးသူအား ပို၍ ပေးကမ်းသည် ချီးမြှင့်သည်မှာ အရိယာ ပုဂ္ဂိုလ်များသော်ပင် ကတညုတ ကတဝေဒီတရားအရ ပြုလုပ်ကြခြင်းဖြစ်၏။ အသက်ပင် စွန့်ရစေကာမူ အဂတိလေးပါးကို မလိုက်စားတော့ကြောင်း၊ (အဂတိလေးပါးခဏ်း၌ ရေးခဲ့ပြီ။) နို့ရည်နှင့် သေအရက်ကို ရောစပ်၍ တိုက်လျှင် (မသိသော်လည်း) နို့ရည်သာ ဝင်၍ သေအရက်မဝင်ကြောင်း မိန့်ဆိုထားပုံ၊ [၅၇] အရိယာတို့ မလွန်ကြူးတော့သော အရာများကို ရှင်းပြ ဇီဝိတာဝေါရော ပန ကထာ၊ [၅၈] အရိယာပုဂ္ဂိုလ်တို့ ငြင်းခုံမှု လုံးဝမရှိတော့ကြောင်း [၅၉] လောကုတ္တရမဂ္ဂ ပတွာ ဝိဝါဒေါ နာမ သဗ္ဗသော ဝူပသမ္မတိဟု ဖွင့်ပြထား၏။ ။ လူတို့ကွဲပြားလျှင် ကိုယ်စောင့်နတ်လည်း ကွဲပြားကြကြောင်း ဟူသော အခန်း၌ များစွာရှိ၏။ အရိယာဝိနယတရား ၈-ပါး- (အရိယာတို့ ဆင်ခြင်၍ ရှောင်ကြဉ်သော တရား ဟူလို။) [၆၀] ပါဏာတိပါတ၊ အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဂိဒ္ဓိလောဘ၊ တပ်မက်မှုလောဘ၊ နိန္ဒာရောသ... ကဲ့ရဲ့မှု၊ ချုတ်ချယ်မှု၊ ကောဓပါယာသ... အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ အတိမာန လွန်ကဲသော မာနထားမှု၊ ဤအမှု ၈-ပါးကို အရိယာပုဂ္ဂိုလ်တို့ အကြွင်းမဲ့ ပယ်နိုင်အောင် ကျင့်ကြသည် ဟူလို။ အရိယာပုဂ္ဂိုလ်တို့မှာ မပယ်နိုင်သေးသော အကုသိုလ်ကို ပြုမိသော် ဖုံးကွယ်၍ မထားတတ်ကြောင်း [၆၁] ဤ၌ပါသော ဂါထာကား... ရတနသုတ်တွင် ပါသော “ကိဉ္စာပိသော ကမ္မံ ကရောတိ ပါပကံ” စသော ဂါထာပင်တည်း။ ။ အရိယာ ပုဂ္ဂိုလ်တို့မှာ မကောင်းမှု၌ မမွေ့လျော်တော့ကြောင်း [၆၂] အရိယာပုဂ္ဂိုလ်တို့မှာ လာဘ်ရခြင်းစသည်ကြောင့် ဝါကြွားမှုမရှိ၊ လာဘ်မရခြင်း စသည်ကြောင့် သူတပါးတို့ကို ကဲ့ရဲ့မှုမရှိကြောင်း ဂါထာ၊ အရိယာပုဂ္ဂိုလ်တို့၏ စိတ်ထားကို ဖေါ်ပြထားသော ဂါထာများ။ ။ [၆၃] အရိယာပုဂ္ဂိုလ်တို့မှာ လောကီမင်္ဂလာများကို ယုံကြည်မှုမရှိတော့ကြောင်း [၆၄] ဘဝပြောင်း၍ အရိယာ အဖြစ်ကို မသိသော်လည်း အသက်ကိုစွန့်ရစေကာမူ ၅-ပါးသီလကို လုံးဝ မလွန်ကြူကြတော့ကြောင်း၊ [၆၅] ဂိဉ္ဇကာဝသထသုတ်၊ [၆၆] ။ ဆရာလည်း မပြောင်းတော့ကြောင်း၊ [၆၇] သရဏဂမနကထာခဏ်း၌ရှိ၏။ [၆၈] မည်သည့်အခါမှ သရဏဂုံညစ်နွမ်းခြင်း၊ ပျက်စီးခြင်း မဖြစ်တော့ကြောင်း၊ [၆၉] ။ ၎င်းတို့၏ ၅-ပါးသီလကို ချီးကျူးခဏ်း၊ [၇၀] မိတ္တာမစ္စ (ဒုတိယ)သုတ်-သံ။
ဂုဏ်ကို ပြောခြင်း, မပြောခြင်းအရိယာတို့မှာ ဟုတ်မှန်သော ဂုဏ်ကိုပင် ထင်ပေါ်ကျော်ကြားအောင် ပစ္စည်း ရအောင် ဟူသောရည်ရွယ်ချက်ဖြင့် ကိုယ် ဂုဏ်ကို ထုတ်ဖေါ်၍ မပြောဆိုကြကြောင်း။ ။ [၇၁] ။ အချို့ အရိယာပုဂ္ဂိုလ်တို့ ကိုယ့်ဂုဏ်ကို ထုတ်ဖေါ်ပြောဆို တတ်ကြရာ ထိုသို့ပြောဆိုတတ်ကြပုံ အကြောင်းကို ရှင်းပြထားခဏ်း၊ [၇၂] ပီတိအဟုန်သည် ဖြစ်စေအပ်သော ဥဒါန်းကျူးခြင်း၊ သာသနာတော်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း အစစ်ဖြစ်သည်ကို ထင်ရှားပြလိုခြင်း၊ ဤနှစ်ကြောင်းကြောင့် ထုတ်ဖေါ်၍ အချို့ ပြောဆိုကြခြင်းဖြစ်၏။ ။ သဘာဂရဟန်းတော် များထံ၌ကား ထုတ်ဖေါ်၍ ပြောသင့်က ပြောရကြောင်း၊ [၇၃] မဂ်ဖိုလ် ရပြီးနောက် ရူးခြင်း, စိတ်လွင့်ခြင်းလည်း မရှိတော့ကြောင်း။ အရိယာတို့အပါယ်လေးပါးမှ လွတ်ပြီးဖြစ်ကြောင်း ဟောသော သဥပါဒိသေသသုတ်။ ။ [၇၄] ။ နိဝေသကသုတ်၊ [၇၅] ။ စုန္ဒီသုတ်၊ [၇၆] ။ အရိယာတို့ အပါယ်လေးပါးမှ လွတ်ပြီဖြစ်ကြောင်းနှင့် ပြည့်စုံသော တရားများကို ပြဆိုခဏ်း၊ ဓမ္မာဒါသ ဓမ္မပရိယာယဝဏ္ဏနာ၊ [၇၇] အရိယာနှင့် ပုထုဇဉ်တို့အထူးပဌမနာနာကရဏသုတ်၊ [၇၈] ဗြဟ္မာပြည် ရောက်ပြီးသော ပုထုဇဉ်တို့မှာ ဈာန်အချိန်ကုန်က အပါယ်လေးပါးသို့လားကြရတတ်ကြောင်း၊ အရိယာတို့ကား ထိုဗြဟ္မာပြည်မှာပင် ပရိနိဗ္ဗာန်စံကြရကြောင်း ဟောထား၏။ ။ ဝေဒနာ ခံစားရပုံချင်း တူသော်လည်း သောကဖြစ်မဖြစ်ကွာခြားပုံ ဟောသော သလ္လသုတ်-သံ။ ။ အာရုံ ၆-ပါး၌ အရိယာနှင့် ပုထုဇဉ်တို့ အမြင်ချင်းမတူကြကြောင်း ဂါထာများ မှတ်သားဖွယ်၊ [၇၉]။ ။ ကာမဂုဏ် ခံစာရာ၌ စိတ်ထားချင်း မတူကြပုံ၊ [၈၀]။ ။ အရိယာနှင့် ပုထုဇဉ်တို့ ရှာမှီးချင်း မတူကြပုံ၊ ပရိယေသနာခဏ်း၌ ပြလတ္တံ့။ အရိယာနှင့်ပေါင်း ချမ်းသာကြောင်း ဂါထာ [၈၁] [၈၂] သောမနဿ ဒေါမနဿမဖြစ်ကြတော့ဘဲ ဥပေက္ခာသာဖြစ်တော့ကြောင်း၊ သုဒ္ဓေါဒနမင်းကြီးက ဘုရား၍ ကို အပင့်ခိုင်းရာ အမတ်များ ရဟန္တာဖြစ်ကြ၍ မပင့်ဖြစ်တော့ဘဲ နေကြပုံ အကြောင်းပြုဖြစ်သော စကား၊ အရိယာပုဂ္ဂိုလ်တို့သာ ရှေ့အနုဿတိ ၆-ပါး ပြည့်စုံကြကြောင်း၊ သို့သော် ပုထုဇဉ်တို့လည်း နှလုံးသွင်းသင့်ကြောင်း။ ။ [၈၃] အရိယာပုဂ္ဂိုလ် (၉၆) ဦးကို ရေတွက်ပြပုံ[၈၄] သံယောဇနသုတ် [၈၅] ဒုတိယသိက္ခာသုတ် [၈၆] (၁) သောတာပန်ပုဂ္ဂိုလ် ၃-မျိုးကို ပဋိပဒါ ၄-မျိုးဖြင့်လျှင် ၁၂-ဦး ဖြစ်၏။ ၎င်း ၁၂-ဦးကို သဒ္ဓါဓုရ ပညာဓုရ ၂-မျိုးဖြင့် ပွားလျှင် သောတာပန် ပုဂ္ဂိုလ်ပေါင်း ၂၄-ဦးဖြစ်၏။ (၂) ကာမ, ရူပ, အရူပ ဘုံသုံးပါး၌ဖြစ်သော သကဒါဂါမ် သုံးယောက်ကို ပဋိပဒါ ၄-မျိုးဖြင့်ပွားလျှင် သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၁၂-ဦးဖြစ်၏။ ။ [၈၇]-၌ ပြဆိုထားပုံတည်း။ (၃) အနာဂါမ်ပုဂ္ဂိုလ်ပေါင်း ၄၈-ဦးကို ရေတွက်ပြပုံကို ကြည့်ပါ။ (၄) ရဟန္တာပုဂ္ဂိုလ် ၁၂-ဦး ရေတွက်ပြပုံကို ကြည့်ပါ။
အရိယာပုဂ္ဂိုလ် ၁၀၈-ဦးကို ရေတွက်ပြပုံ[၈၈] ။ သောတာပန် သုံးမျိုးကို ပဋိပဒါ ၄-မျိုးဖြင့် ပွားသော် ၁၂-ဦး၊ သကဒါဂါမ် ၁၂-ဦး၊ အနာဂါမ် ၂၄-ဦး၊ သုက္ခဝိပဿကရဟန္တာ၊ သမထယာနိကရဟန္တာ ၂-ဦး၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄-ဦး၊ အားလုံး ပေါင်း ၅၄-ဦးဖြစ်၏၊ ထို ၅၄-ဦးကို သဒ္ဓါဓုရ ပညာဓုရ ၂-ပါးဖြင့် ပွားလျှင် တနည်း အရိယာပုဂ္ဂိုလ်ပေါင်း ၁၀၈-ဦးဖြစ်၏။ ရဟန္တာ၊ အနာဂါမ် ၅-မျိုး၊ သကဒါဂါမ်၊ သောတာပန် ၃-မျိုး ဖြစ်ရပုံ ဟောသော တတိယသိက္ခာသုတ်၊ [၈၉] အရိယာပုဂ္ဂိုလ်တို့ နေထိုင်ကြပုံမဟာနာမသုတ် [၉၀] ။ နန္ဒိယသုတ် [၉၁] ။ ဗုဒ္ဓါနုဿတိ စသည် ရှေ့ ၆-ပါးကို ပွားများ အားထုတ် နေထိုင်ကြကြောင်း ဟောထား၏။ ။ [၉၂]၌ အံ-မှ အညွှန်းများကို ပြထား၏။ ။ [၉၃] နံနက်ခင်းတွင် ဒါနပြု၍ ညနေဘက်တွင် တရားနာတတ်ကြ၏ဟု ဖွင့်ပြထား၏။ ။ တရားနာရသည်ကို မြတ်နိုးလှကြောင်း၊ [၉၄] အရိယာပုဂ္ဂိုလ်တို့ ပမာဒဝိဟာရီ၊ အပ္ပမာဒ ဝိဟာရီ မည်ပုံ ဟောသော နန္ဒိယသက္ကသုတ်။ ။ [၉၅] အရိယာပုဂ္ဂိုလ်တို့မှာ ဘုရားရှင်ကိုသာ ဖခင်ဟု သုံးစွဲကြကြောင်း [၉၆] ဥတ္တရာသေဌေးသမီးနှင့် သိရီမာပြည့်တန်ဆာမဝတ္ထု၊ [၉၇] အရိယာပုဂ္ဂိုလ်တို့ သဒ္ဓါတရားခိုင်မြဲပုံ- ဝိနယ၌ များစွာရှိ၏။ ။ အရိယာပုဂ္ဂိုလ်တို့၏ ခိုင်မြဲသော သဒ္ဓါတရားကို မာရ်နတ်ကြီးပင် မတုန်လှုပ်စေနိုင်ကြောင်း၊ [၉၈] (သူရမ္ဗဋ္ဌဝတ္ထု)။ ။ ဥဒါန-ဋ္ဌ-၂၅၈။ ။ (သုပ္ပဗုဒ္ဓ) (လူနူ)။ အရိယာပုဂ္ဂိုလ်တို့ သီလ, သမာဓိ, ပညာ ဖြည့်ကျင့်ကြပုံ [၉၉] အရိယာပုဂ္ဂိုလ်တို့၏ ကုသိုလ် ပမာဏကို မရေတွက်နိုင်ကြောင်း ဟောသော ပုညာဘိသန္ဒသုတ်။ ။ (ဒုတိယ) [၁၀၀] ။ အဘိသန္ဒသုတ်၊ [၁၀၁] အရိယာပုဂ္ဂိုလ်တို့ကို မြင်ရ ကြားရသည်ပင် ကျေးဇူး များလှကြောင်း ဟောသော သီလသုတ် [၁၀၂] ။ သီလသမ္ပန္နသုတ်၊ [၁၀၃]၊ ဂါထာများ ပါ၏။ အရိယာပုဂ္ဂိုလ်တို့ ပယ်သော တရားများကို ပြဆိုခဏ်း[၁၀၄] ဤ၌ ကျယ်ဝန်းစွာ ပြထား၏။
အရိယာပုဂ္ဂိုလ်တို့ နေထိုင်ခြင်း ၁၀-ပါး
ဓမ္မိကသုတ် အရိယာလူနှင့် အရိယာရဟန်းတို့ ကျင့်ဝတ်ကို ခွဲခြား ဟောထားသော၏။ [၁၀၉] အရိယာလူတို့ အသက်မွေးမြူကြပုံ ပတ္တကမ္မသုတ် [၁၁၀] ဂါထာများပါ၏။ ။ လူအရိယာတို့ ကျင့်ဝတ်ကို ဟောသော ဓမ္မိကသုတ်၊ [၁၁၁] ။ လူအရိယာတို့ သေသောအခါ ရဟန္တာကဲ့သို့ပင် ပူဇော်အပ်ကြောင်း၊ [၁၁၂] ။ အရိယာတို့ ရှာမှီးပုံကို ပရိယေသနာခဏ်း၌ ကြည့်ရှုပါ။ အရိယာတို့ ရှာမှီးခြင်းကို အကျယ်ပြ၊ [၁၁၃] ။ အရိယာလူတို့ စီးပွားရှာကြခြင်း အကြောင်း ၅-ပါးဟောသော အာဒိယသုတ်၊ [၁၁၄] အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားပြစ် ၁၁-ပါးအရိယာ ပုဂ္ဂိုလ်တို့အား ပြစ်မှားခြင်းကြောင့် ရအပ်သော အပြစ်များကို အပြည့်အစုံ ဟောထားသော "ကောကာလိကသုတ်” [၁၁၅]
အရိယာဓမ္မကို ကဲ့ရဲ့လျင် ရောရုဝငရဲသို့ ကျရောက်တတ်ကြောင်း နတ်သမီးက လျှောက်ထားသော ဂါထာ၊ ပဌမ ပစ္စုန္နုဓိတုသုတ်၊ [၁၁၆] ။ သုနေတ္တသုတ် [၁၁၇] ။ သောရေယျ မထေရ်ဝတ္ထု၊ [၁၁၈] ။ ဇမ္ဗုကဝတ္ထု၊ [၁၁၉] ကြောက်လန့်စရာကောင်းလှ၏။ ။ မပြစ်မှားသင့်သူကို ပြစ်မှားခြင်းကြောင့် ကျရောက်တတ်သော အပြစ်များကို ဒဏ် ၁၀-ပါးခဏ်း၌လည်း ပြထား၏။ ကလျာဏပုထုဇဉ်ကို သေက္ခဟူ၍ ခေါ်နိုင်သေးကြောင်း [၁၂၀]
အရိယာပုဂ္ဂိုလ်တို့ မြဲသောအရာ ၄-မျိုးကို ဟောသော ဂိဉ္ဇကာဝသထသုတ် (ပ-ဒု-တ)။ ။ [၁၂၃] ဗုဒ္ဓါနုဿတိ စသည် သုံးပါးနှင့် အရိယာကန္တ ၅-ပါးသီလ။ ။ ဤလေးပါး မြဲမှုကြောင့် အပါယ်လေးပါး မလားနိုင်တော့ကြောင်း ဟောသော ဂေါဓသက္ကသုတ်၊ [၁၂၄] အရိယာပုဂ္ဂိုလ်တို့ သက်သာရာရခြင်း ၄-မျိုး။ ကေသမုတ္တိသုတ်၊ [၁၂၅] အရိယာမည်ပုံ [၁၂၆] ။ အရိယာ ပုဂ္ဂိုလ် လေးယောက် အမည်အဖွင့်၊ [၁၂၇] ကိုးကား
|
Portal di Ensiklopedia Dunia