ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (အင်္ဂလိပ်: Union Betterment Party) UBP သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ သူရဦးရွှေမန်း ဦးဆောင်တည်ထောင်သည့် ပါတီဖြစ်သည်။ သမိုင်းကြောင်းပါတီကို ၂၀၁၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် စတင် တည်ထောင်ခွင့် လျှောက်ထားခဲ့ရာ[၂] ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင်တွင် တရားဝင် ဖွဲ့စည်းတည်ထောင်ခွင့်ရသည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် မြို့နယ်ပေါင်း (၂၆၁) မြို့နယ်မှနေ၍ ကိုယ်စားလှယ်ပေါင်း (၉၂၇)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၃] ထိုရွေးကောက်ပွဲသို့ ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦး ရွှေမန်း ဝင်ပြိုင်ခြင်းမပြုခဲ့ဘဲ[၄]၊ဝင်ရောက်ယှဉ်ပြိုင်သူ အကုန်လုံးမှာလည်း ရွေးကောက်ပွဲတွင် နေရာတစ်နေရာမှ ရွေးကောက်တင်မြှောက်မှုကို မခံရပေ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် စစ်ကောင်စီလက်ထက်ပြန်လည် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်၏ စစ်ဆေးမှုကို ခံယူခဲ့သေးသည်။ ပါတီဖျက်သိမ်းခြင်း၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပါတီအား ဗဟိုအလုပ်မှုဆောင်များ၏ ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခဲ့သည်။[၅] အတည်ပြုပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ လည်း တင်ပြကြသည်။ ပါတီဦးဆောင် လူကြီးများ၏ အသက်အရွယ်၊လှုပ်ရှားသွားလာနိုင်မှု၊ဆက်လုပ်လုပ်ကိုင်လိုခြင်းမရှိတော့သည့် အခြေအနေ ကြောင့် ပါတီဖျက်သိမ်းလိုက်ရသည်ဟု အကြောင်းပြချက်ပေးကြသည်။[၆] ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၇ရက်ကစပြီး နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းသည်။ [၇] [၈] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia