မြန်မာနိုင်ငံသားများဘဏ်လီမိတက်
မြန်မာနိုင်ငံသားများဘဏ်[၂]သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ အထူးစီးပွားရေးဘဏ်လုပ်ငန်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည့် ဘဏ်ဖြစ်သည်။[၃]နောက်ပိုင်းတွင် အများပိုင် ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်လာပြီး အစုရှယ်ယာအများစုကို Capital Hypermarket ၊ Capital Construction စသည့် လုပ်ငန်းများထူထောင်ထားသော CDSG လုပ်ငန်းစုက ပိုင်ဆိုင်ထားသည်။[၄]ဘဏ်ဥက္ကဋ္ဌ တာဝန်ကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးများက အဆက်ဆက်တာဝန်ယူခဲ့ပြီး နောက်ပိုင်း၌ ဝန်ကြီးဌာန အငြိမ်းစားအရာရှိကြီးက ပြောင်းလဲတာဝန်ယူသည်။ MCB ဘဏ်သည် မြို့ပေါင်း (၃၁) မြို့တွင် ဘဏ်ခွဲပေါင်း (၅၇) ခုအထိ ဖွင့်လှစ်ထားပြီး ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်မည့် ATM စက်များ(၇၁) ခုအထိ ထားရှိသည်။[၅]ဘဏ်ဝန်ထမ်းပေါင်း (၁,၂၀၀) ကျော်ဖြင့် လည်ပတ်လျက်ရှိသည်။ ဘဏ်သမိုင်းကြောင်း(၁၉၅၀) ပြည့်နှစ်၊ မြန်မာနိုင်ငံအထူးကုမ္ပဏီများ အက်ဥပဒေအရ (၁၉၉၁) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၉၂ ဇွန်လ ၂ ရက်နေ့မှစ၍ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ငွေကြေးအဖွဲ့အစည်းများ ဥပဒေ ပုဒ် (၁၇၆) အရ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ် (၇၅) ဘီလီယံဖြစ်ပြီး ထည့်ဝင်ပြီးမတည်ငွေရင်းမှာ ကျပ် (၅၂) ဘီလီယံ ရှိသည်။[၆]၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းဝင် အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာပြီး ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းတင်၍ အစုရှယ်ယာများအား အရောင်းအဝယ်ပြုလုပ်ခဲ့သည်။ ဘဏ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့က ဘဏ်ရှယ်ယာ ၁၀ ဒသမ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ အများပြည်သူက ၁၁ ဒသမ ၈၀ ရာခိုင်နှုန်း၊စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုကြီး ဦးဆောင်သော CAPITAL FINANCIAL HOLDING LTD. အပါအဝင် စီးပွားရေးလုပ်ငန်းစုတို့က ၇၇ ဒသမ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။[၇] ဘဏ်ခွဲဖွင့်လှစ်ထားရှိမှု၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဘဏ်ခွဲပေါင်း ၄၈ ခုအထိ ဖွင့်လှစ်ထားသည်။၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်တွင် မုံရွာဘဏ်ခွဲငယ်၊ မူဆယ်ဘဏ်ခွဲ(၁)၊ မန္တလေးဘဏ်ခွဲ(၄)၊ တန့်ဆည်ဘဏ်ခွဲ၊ ဇီးကုန်းဘဏ်ခွဲတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ခွင့်ပြုချက်ဖြင့် ပိတ်သိမ်းကြောင်း ကြေညာသည်။ [၈]၂၀၂၃ စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသားများဘဏ်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော တောင်ငူဘဏ်ခွဲအား ဖွင့်လှစ်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဘဏ်ခွဲပေါင်း ၅၇ ခုအထိ ဖွင့်လှစ်ထားသည်။
ကိုးကား
|
Portal di Ensiklopedia Dunia