စားသုံးသူရေးရာ ဦးစီးဌာန
စားသုံးသူရေးရာဦးစီးဌာန (အင်္ဂလိပ်: Department of Consumer Affairs) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ သမိုင်းကြောင်း၁၉၄၅ ခုနှစ်တွင် ဆန်စပါးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လယ်ယာစိုက်ပျိုးရေးစီမံကိန်းအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ ဟုလည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ ဟုလည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် လယ်ယာကိုင်းကျွန်းနှင့်ဥယျာဉ်ခြံမြေထွက်ကုန်ပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်း ဟုလည်းကောင်း ပြင်ဆင်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဆန်စပါးရောင်း ဝယ်ရေးလုပ်ငန်းကို နိုင်ငံတော်ကိုယ်စား လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေ ထွက်ကုန်ပစ္စည်းကုန် သွယ်ရေးကော်ပိုရေးရှင်းက ၁၉၈၉ ခုနှစ် မတ်လ အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဧပြီလ မှစ၍ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး(ကုန်သွယ်လယ်ယာ-MAPT)အမည်ဖြင့် ဆက်လက် တာဝန်ယူဆောင်ရွက်ခဲ့သည်။ နိုင်ငံခြားကုန်သွယ်မှုအဖွဲ့အစည်းများ၊ ဒေသတွင်းကုန်သွယ်မှုအဖွဲ့အစည်းများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာသုတေသနလုပ်ငန်းများ၊ ကုန်သွယ်မှုသတင်း၊ ဈေးကွက်သတင်းအချက်အလက်များအား စုဆောင်းတည်ဆောက်ဖြန့်ဝေခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအသီးသီးတွင်ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး၏ ကုန်သွယ်စီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်စေရန် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများအပြင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ အရ စားသုံးသူအခွင့်အရေးများကို ထိရောက်စွာကာကွယ်နိုင်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)ကြိမ်မြောက်အစည်းအဝေး၏ သဘောတူ ခွင့်ပြုချက်အရ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဖြင့် ဌာနခွဲ(၉)ခု၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄)ခုတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ဧပြီလ ၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနအား ဌာနကြီး(၆)ခု၊ တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခု၊ ခရိုင်(၃၁)ခု တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၂] ဖွဲ့စည်းပုံ
ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များရည်ရွယ်ချက်
မျှော်မှန်းချက်-
ရည်မှန်းချက်တာဝန်များ
ကိုးကား
|
Portal di Ensiklopedia Dunia