မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ
အင်္ဂလိပ် အမည်Myanmar People's Democratic Party
တည်ထောင်ခြင်း၁၈ မေ ၂၀၁၇ (၂၀၁၇-၀၅-၁၈)
ဌာနချုပ်မင်္ဂလာဒုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Myanmar People's Democratic Party; အတိုကောက် MPD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

ပါတီဥက္ကဋ္ဌမှာ ဦးဌေးကျော် ဖြစ်သည်။​

သမိုင်းကြောင်း

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီကို ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။[]

၂၀၂၁ အာဏာသိမ်းမှုအပေါ် "အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကြိဆိုထောက်ခံပါကြောင်း" ဟု ပါတီကြေညာချက် ၅/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့သည်။ []

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂) ဖြင့် ခွင့်ပြုခဲ့သည်။[]

ပါတီရုံးချုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန် - ပဲခူးလမ်းမကြီး၊ အမှတ်(၈၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။

ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya