ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (အင်္ဂလိပ်: Shan Nationalities Democratic Party; အတိုကောက် SNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ကျားဖြူပါတီဟုလည်း ခေါ်ဆိုကြသည်။[၁][၂] သမိုင်းကြောင်းပါတီကို ၂၀၁၀ ခုနှစ် ဧပြီလတွင် မှတ်ပုံတင်ခဲ့သည်။ ပါတီ၏ ဌာနချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိပြီး ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်းဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်းတို့ကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပါတီဌာနချုပ်ကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ရွေးကောက်ပွဲရလဒ်များအမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
အခြားကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia