လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Democratic Party for a New Society, DPNS) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီ၏ လက်ရှိ ဥက္ကဋ္ဌမှာ ဦးအောင်မိုးဇော်ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ ဒေါ်နှင်းနှင်းမွှေး ဖြစ်သည်။ တည်ထောင်ခြင်းလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။ မှတ်ပုံတင်ပါတီမှ ပယ်ဖျက်ခြင်းလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[၃] ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ
လူ့ဘောင်သစ်ကျောင်းထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား များ၏ သားသမီးငယ်ရွယ်များ မူလတန်းပညာ သင်ကြားတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်းကျောင်းကလေးတစ်ကျောင်း ဖြစ်သည်။ ၂၀ဝ၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ စီမံအုပ်ချုပ်မှုကိစ္စအဝဝကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၁) ဦးရှိသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားပေးလျက်ရှိသည်။ ဆရာ၊ ဆရာမ စုစုပေါင်း (၄)ယောက်ရှိသည်။ ကျောင်း၏ ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံပြင်ပသို့ ရောက်ရှိနေကြသော စေတနာရှင်များ ၏ လှူဒါန်းငွေများကို အဓိကထား၍ လည်ပတ်နေရခြင်းဖြစ်သည်။ ပါတီ လှုပ်ရှားမှုများလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ အဖွဲ့ဝင် ဖြစ်ပြီး၊ ကောင်စီဝင် (၃) ဦးက ကိုယ်စားပြုထားသည်။ ကိုးကား
ပြင်ပ လင့်ခ်များ
|
Portal di Ensiklopedia Dunia