၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)

အင်္ဂလိပ်လို = 88 Generation student Youths (Union of Myanmar)
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် (၈-၃-၂၀၁၀)နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကို အစိုးရမှ ထုတ်ပြန်ပြီးနောက် ပထမဆုံးဦးဦဖျားဖျား မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သောပါတီ ဖြစ်သည်။ ဥက္ကဋ္ဌမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဖြစ်သူ ဦးအေးလွင်၏ ညီ ဖြစ်သူ ဦးရဲထွန်းဖြစ်သည်။ ဦးရဲထွန်းပါ (၂၇) ဦးတို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားသော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီသည် (၂၂.၃.၂၀၁၀) နေ့တွင် မှတ်ပုံတင်ခွင့် အဦးဆုံး စတင်လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ (၂၂.၄.၂၀၁၀) နေ့တွင် ပါတီ တည်ထောင်ခွင့် ခွင့်ပြုမိန့် စတင်ချပေးခဲ့သည်။ ပါတီအလံနှင့် ရုံးတံဆိပ်များသည် သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံ၊ ခွပ်ဒေါင်းအလံ နှင့် သမိုင်းဝင် ဘီအိုင်အေ အမှတ်တံဆိပ် ဒေါင်းတံဆိပ်ပုံ များ ဖြစ်နေသည့်အတွက် ဒဂုန်တာရာလူထုစိန်ဝင်းဦးမိုးသူ စသော စာပေအနုပညာရှင် (၉၀)ကျော်တို့က ကန့်ကွက်သဖြင့် ပါတီအလံ အမှတ်တံဆိပ်ကို ပြင်ဆင်ပြောင်းလဲ ပေးခဲ့ရသည်။ []

ကိုးကား

  1. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၄၅)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya