ကျူရီယမ်
ကျူရီရမ် (အင်္ဂလိပ်: Curium) ဟူသောဒြပ်စင်အမည်သည် ပီရီကျူရီ (Pierre curie) နှင့် မာရီကျူရီ (Marie curie) ဇနီးမောင်နှံအား ဂုဏ်ပြု၍ ပေးခဲ့ခြင်းဖြစ်သည်။ Curium သည် မာကျော၊ ကျွတ်ဆတ်၍ ငွေရောင်ရှိသော ဒြပ်စင်တစ်ခုဖြစ်ပြီး၊ အခန်းတွင်းအပူချိန်၌ ခြောက်သွေ့သော လေထုထဲတွင် တစ်ဖြေးဖြေးအရောင်မှေးမှိန် သွားနိုင်သည်။ နျူးကလီးယား ဓာတ်ပေါင်းဖိုများတွင် ပလူတိုနီယမ် (plutonium) နှင့် အမာရီဆီယမ် (americium) အိုင်ဆိုတုပ် (isotopes) များမှ နျူထရွန်များကို အဆင့်ဆင့်ဖမ်းယူခြင်းဖြစ်စဉ်မှတဆင့် Curium ကိုဖန်တီးထုတ်ယူနိုင်သည်။ ၎င်းသည် ရေဒီယိုသတ္တိကြွမှု ပိုများသော၊ အလူမီနီယမ်ထက် အီလက်ထရွန် အပေါင်းကိန်းပိုများသော၊ ဓာတုဓာတ်ပြုမှု အားကောင်းသော ဒြပ်စင်တစ်ခုဖြစ်သည်။ Curium ၏ ဒြပ်ပေါင်းတချို့သည် ထင်ရှားသိမြင်နိုင်သည်။ (ဥပမာ- ဖလူအိုရိုက်ဒ် (Fluorides) ပါဝင်သောဓာတ်ပေါင်းများကဲ့သို့) ကျူရီယမ်သည် ဒြပ်စင်အလှည့်ကျဇယားတွင် americium နောက်တွင်တည်ရှိသော်လည်း americium ဒြပ်စင်အား မတွေ့ရှိနိုင်သေးမှီကတည်းက ၎င်းကိုတွေ့ရှိခဲ့ပြီးသားဖြစ်သည်။ ဓာတ်ခွဲခန်းမှသာ ထုတ်ယူရရှိနိုင်သည့် တတိယမြောက် ဒြပ်စင်အဖြစ် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဘားကလေး(Berkekey) ဓာတ်ရောင်ခြည်ဓာတ်ခွဲခန်း၌ ၆ဝလက်မ ဒြပ်မှုန်အရှိန်မြင့်စက်(60-inch cyclotron) အတွင်း ဟီလီယမ် (helium) အိုင်ယွန်းအား ပလူတိုနီယမ် (239Pu) နှင့်တိုက်ခိုက်စေခြင်းဖြင့် ကျူရီယမ်ကိုစတင်တွေ့ရှိခဲ့သည်။ ထိုရလဒ်ကဲ့သို့ပင် ၁၉၄၄ တွင် ချီကာဂိုမြို့ သတ္တုဗေဒ ဓာတ်ခွဲခန်း၌ Glenn, James နှင့် Ghiorso တို့က ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် Curium ဒြပ်စင်အဖြစ် အတည်ပြုသတ်မှတ်နိုင်ခဲ့ သည်။ ၎င်း၏ ပထမဆုံးအိုင်ဆိုတုပ်(isotope) ဖြစ်သည့် 242Cm ၏ သိသာထင်ရှားသော ပမာဏ ၃၀ မီလီဂရမ် ကို ၁၉၄၂ ခုနှစ်တွင် California တက္ကသိုလ် ဘားကလေး ဓာတ်ခွဲခန်း၌ Werner နှင့် Perlman တို့က ဟိုက်ဒရောဆိုက်ပုံစံအဖြစ်တွေ့ရှိခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် GdF3 ဒြပ်ပေါင်းနှင့် အရွယ်အစားပမာဏ တူညီသော CmF3 ဒြပ်ပေါင်း မိုက်ခရိုဂရမ်ခန့်အရွယ်အစားများ၏ ဆွဲငင်နိုင်သောသံလိုက်သတ္တိကို Crane, Wallmann နှင့် Cunningham တို့ကရှာဖွေတွေ့ရှိခဲ့ကြသည်။ ၁၉၅၁ ခုနှစ်တွင် ထိုသိပ္ပံပညာရှင်များကပင် ပထမဆုံးအကြိမ်အဖြစ် Curium ဒြပ်စင်၏ ဂုဏ်သတ္တိများကို အတည်ပြု ပြင်ဆင်ခဲ့ကြသည်။ အသုံးပြုခြင်းCurium-၂၄၂ နှင့် Curium-၂၂၄ တို့ကို အာကာသဆိုင်ရာအစီစဉ်များတွင် သာမီအိုနစ်(thermionic) နှင့် သာမိုအီလက်ထရစ် (thermoelectric) စွမ်းအင်မျိုးဆက်များ ကဲ့သို့သော အပူရရှိနိုင်သည့် အရင်း အမြစ်တစ်ခုဖြစ်အသုံးပြုသည်။ ပတ်ဝန်းကျင်တွင်တွေ့ရှိမှုအခြေအနေCuriumသည် ကမ္ဘာမြေပေါ်တွင် ပင်ကိုသဘာဝအတိုင်းပေါ်ပေါက်နိုင်သော်လည်း မယုံကြည်နိုင်လောက်အောင် သေးငယ်သော ပမာဏသာရှိနိုင်သည်။ neptunium နှင့် plutonium တို့၏ အက်တမ်များထုတ်လုပ်မှုဖြစ်စဉ် အတိုင်းပင် ယူရေနီယမ်ပါဝင်သော အနည်အနှစ်များမှ အချို့သော Curium အက်တမ်များကိုထုတ်လုပ်နိုင်သည်။ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများCurium ကို ခန္ဓာကိုယ်ထဲသို့ ရေသောက်ခြင်း၊ အစာစားခြင်း၊ အသက်ရှူခြင်းဖြင့် ရောက်ရှိနိုင်သည်။ အစားအစာမှတဆင့် အစာအိမ်နှင့် အူများက curium ကိုစုပ်ယူခြင်း (သို့မဟုတ်) အခြားသောဖြစ်စဉ်များမှလည်း curium များ ကိုယ်ခန္ဓာအတွင်း စုပုံလာနိုင်သည်။ မျိုချမိပြီးနောက် curium အများစုသည် သွေးလည်ပတ်မှုလမ်းကြောင်းထဲသို့မရာက်ပဲ ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်မှ ပြန်ထွက်သွားသည်။ ၀.၀၅ ရာခိုင်နှုန်းခန့်သာ သွေးစီးကြောင်းထဲရောက်ရှိသည်။ သွေးစီးကြောင်းထဲမှ curium ၏ ၄၅ ရာခိုင်နှုန်း ခန့်သည် အသည်းထဲကိုရောက်သွားပြီး နှစ် ၂၀ ခန့်မျှ half-life အနေဖြင့် ကျန်ရှိနေပြီးနောက် ၄၅ ရာခိုင်နှုန်းခန့်သည် အရိုးထဲတွင် နှစ် ၅၀ ခန့် ကျန်နေနိုင်သည်။ ကျန်ရှိနေသော အများဆုံး ၁၀ ရာခိုင်နှုန်းခန့်ကို အညစ်ကြေးများအဖြစ် စွန့်ထုတ်လိုက်သည်။ Curium ဒြပ်စင် ကိုယ်ခန္ဓာအတွင်းသို့ရောက်ရှိလျှင် ကျန်းမာရေးအရ အန္တရာယ်ဖြစ်စေနိုင်သည်။ သို့ရာတွင် “မ”ကိန်း အိုင်ဆိုတုပ် Curium များသည် ပြင်ပတွင် အန္တရာယ်အနည်းငယ်သာ ပေးနိုင်သည်။ ဥပမာ Curium-243, Curium-245 နှင့် Curium-247 တို့ဖြစ်သည်။ အဓိကအားဖြင့် အစားအစာနှင့်ရေများတွင် curium များပါဝင်နိုင်ပြီး ရှူသွင်းလိုက်သော ဖုန်မှုန့်များထဲတွင်လည်း curium များပါဝင်နိုင်သည်။ Curium ကို အခြားသောနည်းလမ်းများထက် ရှူရှိုက်မိခြင်းမှ ခန္ဒာကိုယ်အတွင်းသို့ ပိုမိုရောက်ရှိနိုင်သည်။ အနီးပတ်ဝန်းကျင်ရှိ Curium ပါဝင်သော ဖုန်မှုန့်များရှူရှိုက် မိသောအခါ ၎င်းကို ခန္ဓာကိုယ်ထဲသို့ ရောက်ရှိစေသည်။ အဓိကသက်ရောက်မှု အနေဖြင့် အိုင်းယွန်းဓာတ်ရောင်ခြည်များကို ထုတ်လွတ်သောကြောင့် curium isotopes များသည် အရိုးများ၏ မျက်နှာပြင်တွင် ရောက်ရှိတွယ်ကပ်လာခြင်းကြောင့် အရိုးပွရောဂါကိုဖြစ်စေသည်။ ကြွက်များအတွင်း curium-242, curium-244 တို့ကို ဆေးထိုးစမ်းသပ်ခြင်းဖြင့် အရိုးကင်ဆာနှင့် အသည်းကင်ဆာရောဂါ များကိုဖြစ်ပွားစေနိုင်ကြောင်းတွေ့ရှိရသည်။ ပတ်ဝန်းကျင်သို့အကျိုးသက်ရောက်မှုများ၁၉၈၀ ခုနှစ်မှ စ၍ ကမ္ဘာတစ်ခွင်တွင် လေထုထဲ၌နျူကလီးယား စမ်းသပ်မှူများမှတဆင့် ပတ်ဝန်းကျင်သို့ Curium ဓာတ်ငွေ့များ အများဆုံးရောက်ရှိလာကြသည်။ မတော်တဆ ဖြစ်မှူများနှင့် လက်နက်များမှထွက်သော ယင်းဓာတ်ငွေ့များကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှူများဖြစ်ပေါ်ခဲ့သည်။ Curium သည် ပျော်ဝင်မှုဂုဏ်သတ္တိ အနည်းငယ်သာ ရှိသည့်အပြင် မြေသားတွင် စွဲမြဲစွာ ပါဝင်နေတက်သည်။ သဲဆန်သော မြေများတွင် Curium ၏ ပြင်းအားမှာ၊ ပျမ်းမျှအားဖြင့် မြေအောက်ရေတွင်ရှိသော Curium ၏ ပြင်းအားထက် အဆ ၄၀၀၀ ပိုမိုများသည်။ ယင်း၏ပြင်းအားမှာ ရွံ့မြေကဲ့သို့သောမြေတွင် အဆ ၁၈၀၀၀ ထက်ပင်ပိုပါဝင်တက်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia