လီဗာမိုရီယမ်
လီဗာမိုရီယမ် (Livermorium)သည် လူလုပ်ဒြပ်စင်အမျိုးအစားတစ်ခုဖြစ်ပြီး သင်္ကေတမှာ Lv ဖြစ်သည်။ အက်တမ်အမှတ်စဉ် ၁၁၆ ဖြစ်၍ ရေဒီယိုသတ္တုကြွမှုအလွန်အားကောင်းသော ဒြပ်စင်တမျိုးဖြစ်သည်။ ၁၉၉၉ခုနှစ်တွင် Lawrence Berkeley အပြည်ပြည်ဆိုင်ရာဓာတ်ခွဲခန်းမှထုတ်ဝေသော Physical Review Letters စာစောင်၌ ဒြပ်စင်အမှတ်စဉ် ၁၁၆ နှင့် ၁၁၈တို့အားရှာဖွေတွေ့ရှိကြောင်း သုတေသနပြုလုပ်သူများက အတည်ပြုကြေညာခဲ့သည်။ ၎င်းနှစ်နောက်ပိုင်း၌ သူတို့၏ကြေညာချက်များသည် အခြားသောသုတေသနပြုလုပ်သူများ၏ တွေ့ရှိချက်များနှင့် အငြင်းပွားဖွယ်ရာများဖြစ်စေခဲ့သည်။ ၂၀ဝ၂ ခုနှစ် ဇူလှိုင်လတွင် Lawrence Berkeley အပြည်ပြည်ဆိုင်ရာဓာတ်ခွဲခန်း စီစဉ်ညွှန်ကြားသူ(Director) မှ စာရေးဆရာ Victor Ninov ရှာဖွေတွေ့ရှိခဲ့သည့် ၎င်းဒြပ်စင်နှစ်ခု၏အဓိကကျသော အချက်အလက်များကို အခြေခံ၍ မူလကြေညာချက်သည် မှန်ကန်ကြောင်း အခိုင်အမာအတည်ပြုနိုင်ခဲ့သည်။ Ununhexium အမည်သည် ရှာဖွေတွေ့ရှိခဲ့သောဒြပ်စင်အမှတ် ၁၁၆ အတွက် သိပ္ပံပညာရပ်ဆိုင်ရာအမှတ်အသားအဖြစ် Latinate ဘာသာအရ “one-one-six-ium” (“ium” being a standard ending for element names)ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ Ununhexium သည် transuranic (transuranic elements=ransuranium element, chemical element with an atomic number greater than 92 (which is the atomic number of uranium))ဒြပ်စင်များကဲ့သို့ဓာတ်ခွဲခန်းမှသာ ထုတ်ယူရရှိနိုင်သည့်ဒြပ်စင်ဖြစ်ပြီး လက်ရှိအချိန်တွင် လီဗာမိုရီယမ် အမည်ဖြစ်အတည်ပြုထားသည်။ Periodic ဇယားအတွင်းရှိ လီဗာမိုရီယမ် ဒြပ်စင်၏တည်နေရာအရ ၎င်း၏ဂုဏ်သတ္တိများသည် Polonium ဒြပ်စင်နှင့် Tellurium ဒြပ်စင် တို့၏ဂုဏ်သတ္တိများနှင့်တူညီမှုရှိနိုင်ကြောင်းခန့်မှန်းကြသည်။ အသုံးပြုခြင်း၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။ သဘာဝတွင်တွေ့ရှိမှုအခြေအနေ၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။ ပတ်ဝန်းကျင်သို့ သက်ရောက်မှုများလီဗာမိုရီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။ ကိုးကား
|
Portal di Ensiklopedia Dunia