အိတ္တာဘီယမ်
အိတ္တာဘီယမ် (Ytterbium) သည် နူးညံ့ ပျော့ပြောင်း ပုံသွင်းရလွယ်ကူပြီး စိုပြေ တောက်ပသော ငွေရောင်ရှိသည့် ဒြပ်စင်တစ်ခုဖြစ်သည်။ ၎င်းသည် ရှားပါးဒြပ်စင်အုပ်စုဝင် တစ်ခုဖြစ်ပြီး အက်ဆစ်တွင် ပျော်ဝင်နိုင်သည်။ ရေနှင့် နှေးကွေးစွာ ဓာတ်ပြုပါသည်။ လေထဲတွင် အောက်ဆီဂျင် နှင့် အလွယ်တကူ ဓာတ်ပြုပါသည်။ အိတ္တာဘီယမ် ဒြပ်ပေါင်းများမှာ ရှားပါးစွာ တည်ရှိကြသည်။ အစ်တာဗီယမ်သည် အစ်ထရီယမ်အစုတွင် ပါဝင်သော မြေရှားဒြဗ်စင်တစ်ခုဖြစ်၍ ယင်း၏ ဓာတုသင်္ကေတ မှာ ၌ဘ ၊ အက်တမ်အမှတ် ၇ဝ ၊ အက်တမ်အလေးဆမှာ ၁၇၃ ့ဝ၄ အသီးသီးဖြစ်သည်။ ယင်းသည်မြေရှားဒြဗ်စင်အစုများ ထဲတွင်ပင် အရှားဆုံးဒြဗ်စင်ဖြစ်သည့်အလျောက် မြေဆီလွှာ တစ်တန်တွင်မှ သုံးဂရမ်နီးပါးမျှလောက်သာ ပါဝင်သည်။ အစ်တာဗီယမ်ကိုဆွစ်ဇာလန်နိုင်ငံမှ မာရစ်နက်ဆိုသူ ဓာတုဗေဒ ပညာရှင်တစ်ဦးက ခရစ် ၁၈၇၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ သည်။ ယင်းကို အဆင့်ဆင့်ပေါင်းခံနည်းနှင့် လျှပ်စစ်ဖြင့် ဓာတ်ခွဲနည်း တို့ဖြင့်ထုတ်ယူရရှိသည်။ အစ်တာဗီယမ်ဒြဗ်စင်နှင့် လူတီစီယမ် မြေရှားဒြဗ်စင်တို့သည် တစ်ခုနှင့်တစ်ခု ဂုဏ်သတ္တိများတွင် အလွန်တူကြသည်။[၄] အသုံးပြုခြင်းအိတ္တာဘီယမ် ကို တစ်ခါတစ်ရံ Yt သို့မဟုတ် အခြားသော အဆက် အစပ် ရှိသည့် ဒြပ်စင်များနှင့် ပေါင်းပြီး သံမဏိ ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ၎င်း သတ္တုသည် သံမဏိ ၏ ဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်စေသည်။ အချို့သော အိတ္တာဘီယမ် သတ္တုစပ်များကို လူတို့၏ သွားများ အစားထိုးပြုပြင်ရာတွင် အသုံးပြုသည်။ အိတ္တာဘီယမ် ၏ Isotope တစ်မျိုးကို X-ray စက်တွင် ဓာတ်ရောင်ခြည်ထုတ်လွှတ်ပေးသော အရင်းအမြစ် အဖြစ် လျှပ်စစ် မရရှိနိုင်သော အခြေအနေမျိုးတွင် အစားထိုး အသုံးပြုသည်။ အခြားသော ရှားပါးဒြပ်စင်များကဲ့သို့ပင် ၎င်း သတ္တုကို ကြွေထည် ဖြင့်ပြုလုပ်သော လျှပ်သို ပစ္စည်များအတွက် သော်လည်းကောင်း အခြားသော လျှပ်စစ် ပစ္စည်းများ အတွက်သော်လည်းကောင်း၊ အသုံးပြုပါသည်။ ၎င်းသတ္တုကို စက်ရုံများတွင် ဓာတ်ကူပစ္စည်း အဖြစ်လည်း အသုံးပြုနိုင်သည်။ ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေအိတ္တာဘီယမ် ကို အခြားသော ရှားပါးဒြပ်စင်များနှင့် ရောပြီး များစွာသော တွင်းထွက် သတ္တုရိုင်းများ ဖြစ်သော Gadolinite, Monazite, and Xenotime တို့တွင် တွေ့ရှိရသည်။ သဘာ၀ အိတ္တာဘီယမ် တွင် Stable Isotopes ခုနှစ်မျိုးပါဝင်သည်။ စီးပွားရေးအရ အိတ္တာဘီယမ် ကို အိတ္တာဘီယမ် ပါဝင်မှု ၀.၀၃ ရာခိုင်နှုန်းရှိသော Monazite သဲမှ အမြဲတမ်းလိုလိုပင် ပြန်လည်ထုတ်ယူ သန့်စင်သည်။ အဓိက သတ္တုတွင်း နေရာများမှာ တရုတ်၊ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဩစတြေးလျ တို့ဖြစ်သည်။ ထုတ်လုပ် သန့်စင်ပြီး Yb ပမာဏမှာ တန်ချိန် တစ်သိန်းခန့်ရှိပြီး ကမ္ဘာ့ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် တန် ၅၀ ခန့်ရှိသည်။ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများအိတ္တာဘီယမ် သည် ဇီ၀ဗေဒ အခန်းကဏ္ဍ တွင် ပါဝင်မှု မရှိသော်လည်း ခန္ဓာကိုယ် အတွင်းရှိ ဇီ၀ဖြစ်ပျက်မှုများကို လှုံ့ဆော်ပေးနိုင်သည် ဟု သတ်မှတ်ထားကြသည်။ မျက်လုံးနှင့် အရေပြားတို့ကို နာကျင် ကျိန်းစပ်စေပြီး သန္ဓေသားလောင်းကို ပျက်စီးစေနိုင်သည့် Teratogen တစ်ခုလည်းဖြစ်သည်။ အိတ္တာဘီယမ် ဒြပ်ပေါင်းအားလုံးကို ပြင်းထန်သော အဆိပ်ကဲ့သို့ သတ်မှတ်ပြီး လေနှင့် စိုထိုင်းမှုတို့မှ ကာကွယ်ရန် လုံလုံခြုံခြုံ သိုလှောင်ထားရမည် ဖြစ်သည်။ ပတ်ဝန်းကျင်သို့သက်ရောက်မှုများသတ္တု အိတ္တာဘီယမ် အမှုန့်သည် လောင်ကျွမ်း ပေါက်ကွဲပြီး အန္တရာယ် ဖြစ်စေနိုင်သည်။ Yb သည် သစ်ပင်များနှင့် တိရစ္ဆာန်များကို ထိခိုက်မှုမရှိပါ။ ၎င်း၏ဆားများကို ဓာတုဗေဒ စက်ရုံများတွင် အဆိပ်နှင့် ညစ်ညမ်းမှုများကို လျော့ကျစေရန် ဓာတ်ကူပစ္စည်းများ အဖြစ်အသုံးပြုသည်။ ကိုးကား
|
Portal di Ensiklopedia Dunia