ဆီဘော်ဂျီယမ်
ဆီဘော်ဂျီယမ် (Seaborgium) ဒြပ်စင်သည် ရေဒီယိုသတ္တိကြွဒြပ်စင်တခုဖြစ်ပြီး ၎င်းကို ဓာတ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိ်နိုင်သည်။ ၎င်း၏ဖြစ်တည်လာပုံကို သိရှိနိုင်ခြင်းမရှိသေးသော်လည်း silver ကဲ့သို့အဖြူရောင် သို့မဟုတ် မီးခိုရောင်ရှိသောဒြပ်စင်တစ်ခုဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။ ၎င်း၏သင်္ကေတမှာ Sg ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၆ ဖြစ်သည်။ ၎င်း၏ အတည်ငြိမ်ဆုံး အိုင်ဆိုတုပ် အမှတ်စဉ်မှာ 271Sg ဖြစ်၍ သက်တမ်းဝက်(half-life) မှာ ၂.၄ မိနစ်ဖြစ်သည်။ Seaborgium ဒြပ်စင်အမည်သည် ၎င်းအားရှာဖွေတွေ့ရှိခဲ့သော အမေရိကန်ဓာတုဗေဒပညာရှင် Glenn T.Seaborg ဂုဏ်ပြုသတ်မှတ်ထားခြင်း ဖြစ်သည်။ အနည်းငယ်သိရှိရသော သုတေသနတွေ့ရှိချက်များအရ ၎င်းဒြပ်စင်သည် အုပ်စု (၆) ရှိဒြပ်စင်များကဲ့သို့ ဓာတ်တိုးခြင်းအခြေအနေကိုရောက်ရှိနိုင်ပြီး ၎င်းအခြေအနေမှ SgO2Cl2 ဒြပ်ပေါင်း နှင့် SgO42- ကဲ့သို့သောဓာတုဗေဒဒြပ်ပေါင်းတို့ကို ဖြစ်ပေါ်စေသည်။ ![]() အသုံးပြုခြင်း၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။ သဘာဝမှာတွေ့ရှိမှုအခြေအနေ၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် လူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ ပတ်ဝန်းကျင်သို့သက်ရောက်မှုများSeaborgium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၂၁ စက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။ ကိုးကား
|
Portal di Ensiklopedia Dunia