နီဟိုနီယမ်
နီဟိုနီယမ် (Nihonium) သည် ဓာတုဗေဒဒြပ်စင်တမျိုးဖြစ်ပြီး ၎င်း၏သင်္ကေတမှာ Nh ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၁၃ ဖြစ်သည်။ ၎င်းဒြပ်စင်ကို အက္ကသယ်လီယမ် (eka-thallium)ဟုလည်းခေါ်ကြသေးသည်။ Americium-၂၄၃ အက်တမ်အား calcium-၄၈၏အိုင်းယွန်းများနှင့်ပြိုကွဲပျက်စီးစေခြင်းမှ ၎င်းဒြပ်စင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ နီဟိုနီယမ်ဆိုသည်မှာ ဂျပန်အမည်တစ်ခုဖြစ်သည့် နီဟွန်ဆိုသည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းဒြပ်စင် ပြိုကွဲပျက်စီးချိန်၌ ဖြစ်ပေါ်လာသော နီဟိုနီယမ် ဒြပ်စင်၏အက်တမ်လေးခုတို့သည် ၁/၁၀ စက္ကန့်ထက်နည်းသောအချိန်အတွင် နီဟိုနီယမ် ဒြပ်စင်၏အက်တမ်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသည်။ ၂၀ဝ၄ ခုနှစ် စက်တင်ဘာလတွင် ဂျပန်သိပ္ပံပညာရှင်အဖွဲ့အစည်းတခုမှ ၎င်းဒြပ်စင်ကိုဓာတ်ခွဲခန်း၌ အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ကြောင်းကြေညာ ခဲ့သည်။ ၎င်းဒြပ်စင်၏ဂုဏ်သတ္တိများသည် Thallium(Th) နှင့် Indium(In) တို့၏ဂုဏ်သတ္တိများနှင့် ဆင်တူနိုင်ကြောင်းခန့်မှန်းမျှော်လင့်ထားကြသည်။ Ununtrium အမည်ဖြင့် ရှာဖွေတွေ့ရှိခဲ့သောဒြပ်စင်အမှတ် ၁၁၃ အတွက် သိပ္ပံဆိုင်ရာအမှတ်အသားအဖြစ် Latinate ဘာသာအရ “one-one-three-ium” (“ium” being a standard ending for element names)ဟုခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ နိုဝင်ဘာလ ၂၀၀၆ ခုနှစ်တွင်ယင်းဒြပ်စင်အမည်အား နီဟိုနီယမ် ဟု တရားဝင်သတ်မှတ်ပေးခဲ့ပြီး ၂၀၁၇ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံတိုကျိုးမြို့၌ အမည်ပေးအခမ်းအနားပြုလုပ်ခဲ့ကာ ဂျပန်အိမ်ရှေ့မင်းသားကိုယ်တိုင် တက်ရောက်ခဲ့သည်။ နီဟိုနီယမ် သည် transuranic (transuranic elements=ransuranium element, chemical element with an atomic number greater than 92 (which is the atomic number of uranium)) ဒြပ်စင်များကဲ့သို့ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့်ဒြပ်စင်ဖြစ်သည်။ အသုံးပြုခြင်း၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။ သဘာဝမှာတွေ့ရှိမှုအခြေအနေ၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။ ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများနီဟိုနီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။ ![]() ကိုးကား
|
Portal di Ensiklopedia Dunia