အိုင်အိုဒင်း
အိုင်အိုဒင်း (Iodine ) ဆိုသည်မှာ သတ္တုမဟုတ်သော ဒြပ်စင်ဖြစ်သည်။ အနက်နှင့် ခရမ်းရောင် ပေါင်းစပ်ထားသည့် အရောင် ရှိပြီး အစိုင်အခဲဒြပ်စင် ဖြစ်သည်။ အိုင်အိုဒင်းသည် လျှပ်စစ်အဖိုဓာတ် အများဆုံးနှင့် ဓာတ်ပြုရာတွင် တုံ့ပြန်မှု အနည်းဆုံးသော ဟေလိုဂျင် အမျိုးအစားဖြစ်သော်လည်း အခြားဒြပ်စင်များနှင့်အတူ ပေါင်းစပ်ပြီး ဒြပ်ပေါင်းဖြစ်ပေါ်စေနိုင်သည်။ ၎င်းကို အပူပေးခြင်းဖြင့် လွယ်ကူစွာ ခရမ်းရောင်အငွေ့ ဖြစ်ပေါ်လာသည်။ အိုင်အိုဒင်းသည် အချို့သော ပျော်ရည်များတွင် ပျော်ဝင်သည်။ ဥပမာ- ကာဗွန်တက်ထရာကလိုရိုက်ဒ် (CCl4) ထဲတွင်ပျော်ဝင်ပြီး၊ ရေထဲတွင်မူ အနည်းငယ် မျှသာပျော်ဝင်နိုင်သည်။ အသုံးပြုခြင်းအိုင်အိုဒင်းအား ဆေးဝါးဆိုင်ရာကုသမှုများတွင် ရောဂါပိုးသတ်ဆေးများဖြစ်သော tincture နှင့် iodioform ကဲ့သို့ အသုံးပြုသည်။ ဆေးဝါးများထုပ်လုပ်ခြင်း၊ အချို့သောပုံနှိပ်မှင်များနှင့် ဆိုးဆေးများထုပ်လုပ်ခြင်း တို့တွင်လည်း အသုံးပြုသည်။ silver iodine ကို ဓာတ်ပုံလုပ်ငန်းဆိုင်ရာများတွင် အသုံးပြုနိုင်သည်။ အိမ်သုံးဆားများတွင်လည်း အိုင်အိုဒင်းကို ပေါင်းစပ်အသုံးပြုကြပြီး တိရစ္ဆာန် အစားအစာများတွင်လည်း ဖြည့်စွက်အသုံးပြုကြသည်။ အိုင်အိုဒင်းကို ရေဆူဆေးပြားများနှင့် ဆားပြားတို့တွင်လည်း ထည့်သွင်းအသုံးပြုသည်။ iodine မှ iodide အဖြစ်သို့လည်း ပြောင်းလဲအသုံးပြုသည်။ သဘာဝမှာတွေ့ရှိမှုအခြေအနေအိုင်အိုဒင်း(Iodine )အား ဆားအမျိုးအစားထဲတွင် ပေါင်းထည့်ခြင်းဖြင့် အသုံးပြုထားသည်။ ပေါင်မုန့်၊ ပင်လယ်ငါး နှင့် သမုဒ္ဒရာ ပေါ်တွင် နေစွမ်းအင်ဖြင့် ပြုလုပ်သည့် လူလုပ်သစ်ပင် (oceanic plants) တို့တွင်လည်း တွေ့ရသည်။ သမုဒ္ဒရာထဲနှင့် အချို့ ပင်လယ်ငါးများတွင် သဘာဝအားဖြင့် ပါဝင်နေပြီး ရေမှော်ပင်များတွင်မူ အိုင်အိုဒင်း၏ တစ်ရှူးများကို သိုလှောင်ထားခြင်းကို တွေ့ရှိနိုင်သည်။ အိုင်အိုဒင်းအား လေထဲ၊ ရေထဲနှင့် ကမ္ဘာ့အပေါ်ယံမြေဆီလွှာ ထဲတွင်တွေ့ရှိနိုင်သည်။ သဘာဝအိုင်အိုဒင်း၏ အဓိကပါဝင်မှုသည် သမုဒ္ဒရာထဲတွင် ဖြစ်သည်။ ရေသတ္တဝါ များမှထုတ်လွှတ်လိုက်သော iodide (သို့) ပင်လယ်ရေမှော်များထဲမှ iodide၊ hydrocloric acid နှင့်methyl iodide တို့သည် နှစ်စဉ် ၄၀၀ တန်ခန့် ရှိသည်။ ၎င်းသမုဒ္ဒရာထဲမှ အိုင်အိုဒင်းများသည် အနယ်ကျခြင်းဖြင့် ကုန်းမြေပေါ်သို့ ရောက်ရှိလာခြင်းသည် ဇီဝဖြစ်စဉ် (biocycle) လည်ပတ်ခြင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ alutarite ကဲ့သို့သောအိုင်အိုဒင်းပါဝင်သည့် တွင်းထွက်ပစ္စည်း များအား ချီလီနိုင်ငံတွင် တွေ့ရှိရပြီး iodargyte အား ကိုလာရာဒို၊ နီဗာဒါ နှင့် မက္ကစီကို နိုင်ငံများတွင် တွေ့ရှိရသည်။ ကမ္ဘာ့တနှံ့တလျားရှိ စက်မှု့လုပ်ငန်းဆိုင်ရာ အိုင်အိုဒင်း ထုတ်လုပ်ခြင်း သည် တနှစ်လျှင် 13.000 တန် ထွက်ရှိပြီး အဓိကထုတ်လုပ်သောနိုင်ငံများသည် ချီလီနှင့် ဂျပန်နိုင်ငံများဖြစ်သည်။ ရုရှားနှင့် အမေရိကန်နိုင်ငံ များတွင် ပမာဏအနည်းငယ်သာထုတ်လုပ်သည်။ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများဆေးဝါးအမျိုးမျိုးနှင့် အရေပြားသန့်စင်ရေး ဆေးဝါးများတွင် အိုင်အိုဒင်း ကိုအသုံးပြုသည်။ အိုင်အိုဒင်းသည် သိုင်းရွိုက်ဟိုမုန်းဓာတ် (thyroid hormones) ကိုတိုးပွားစေသည်။ ထိုသိုင်းရွိုက်ဟိုမုန်းသည် ခန္ဓာကိုယ်ကြီးထွားမှု၊ အာရုံကြောအဖွဲ့အစည်းနှင့် အစာခြေဖျက်မှုတို့အတွက် မရှိမဖြစ်လိုအပ်သည်။ အိုင်အိုဒင်းချို့တဲ့လျှင် လည်မြိုသည် လျှောကျလာပြီး ဖူးရောင်လာသည်။ တနည်းအားဖြင့် လည်ပင်းကြီးရောဂါဟုခေါ်သည်။ အိုင်အိုဒင်းသည် လူကို အကျိုးပြုနိုင်သော်လည်း အမြောက်အမြား စားသုံးပါက ပုံမှန်နှလုံးခုန်နှုန်းကို ထိခိုက်ခြင်း နှင့် ကိုယ်ခန္ဓာအလေးချိန် လျော့ကျခြင်းများ ဖြစ်ပေါ်သည်။ ဒြပ်စင်ဆိုင်ရာ အိုင်အိုဒင်း (I2) သည် အဆိပ်ဖြစ်စေသည်။ ထိုအိုင်အိုဒင်း၏ အငွေ့သည် မျက်လုံးနှင့် အဆုတ်ကို ဒုက္ခပေးနိုင်သည်။ အိုင်အိုဒင်းနှင့် အလုပ်လုပ်နေစဉ် လေထုထဲတွင် အများဆုံး သတ်မှတ်ထားသော အိုင်အိုဒင်း၏ အချိုးအစားမှာ 1 mg m-3 ဖြစ်သည်။ ထိုထက်အိုင်အိုဒင်း ပိုများလာမည် ဆိုပါက အိုင်အိုဒင်း အားလုံးသည် အဆိပ်ဖြစ်လာသည်။ အိုင်ဆိုတုပ် 131I သည် ရေဒီယို နျူးကလိုက် (radionuclides) အမျိုးအစားဖြစ်ပြီး နျူးကလီးယားလက်နက် စမ်းသပ်ခြင်းတွင်ပါဝင်သည်။ ထိုစမ်းသပ်ချက်အား 1945 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မှစတင်ခဲ့ပြီး 1980 တွင် တရုတ်နိုင်ငံမှ စမ်းသပ်ချက်နှင့် အဆုံးသတ်ခဲ့သည်။ 131I သည် ကင်ဆာ ရောဂါကို တိုးပွားစေပြီး သိုင်းရွိုက် ဟိုမုန်းလျော့နည်းမှု ကြောင့် လည်ချောင်းရောဂါဖြစ်ပေါ်စေနိုင်သည်။ အိုင်အိုဒင်း၏ပတ်ဝန်ကျင်ဆိုင်ရာအကျိုးသက်ရောက်မှုအိုင်အိုဒင်းသည်လေထဲတွင် ရေငွေ့များနှင့် ပေါင်းစပ်ဓာတ်ပြုပြီး ရုတ်တရက် ရေ(သို့) မြေဆီများ ဖြစ်ပေါ်စေသည်။ မြေထဲတွင် အိုင်အိုဒင်းသည် သက်ရှိပစ္စည်းများဖြင့် ပေါင်းစပ်ပြီး အချိန်ကြာမြင့်စွာ တူညီသောနေရာ၌ ကြွင်းကျန်ရစ်သည်။ အပင်များသည် ထိုအိုင်အိုဒင်းပါဝင်သော မြေဆီဖြင့် ကြီးပြင်းလာပြီး ကျွဲနွားတိရစ္ဆာန်နှင့် အခြား သော တိရစ္ဆာန်များသည် ထိုအပင်အား စားသုံးခြင်းဖြင့် အိုင်အိုဒင်းဓာတ်ကိုရရှိသည်။ ရေမျက်နှာပြင်မှ အိုင်အိုဒင်းသည် ရေငွေ့ပြန်၍ တဖန်လေထုထဲသို့ တိုးဝင်လာသည်။ လူတို့သည် စွမ်းအင်များအတွက် ကျောက်မီးသွေးနှင့် လောင်စာများကို လောင်ကျွမ်းစေခြင်းအားဖြင့်လည်း အိုင်အိုဒင်းအား လေထုထဲသို့ ထည့်သွင်းပေးသည်။ သို့သော် လူသားများကြောင့် ထွက်ပေါ်လာသော အိုင်အိုဒင်းသည် သမုဒ္ဒရာမှ ထုတ်လွှတ်လိုက်သော ရေငွေ့အိုင်အိုဒင်းနှင့် ယှဉ်လျှင် အနည်းငယ်မျှသာရှိသည်။ အိုင်အိုဒင်းသည် ရေဒီယို သတ္တိကြွ နိုင်သည်။ အိုင်အိုဒင်း၏ ရေဒီယို သတ္တိကြွနိုင်သော အိုင်ဆိုတုပ်များ သည် သဘာဝအားဖြင့် ဓာတုဓာတ်ပြုနေစဉ်အတွင်း လေထုထဲတွင် ဖြစ်ပေါ်သည်။ အများစုသည် အလွန် တိုတောင်းသောသက်တမ်းဝက် ရှိသောကြောင့် တည်ငြိမ်သော အိုင်အိုဒင်း ဒြပ်ပေါင်းအဖြစ်သို့ လျင်မြန်စွာ ပြန်လည်ပေါ်ပေါက်သည်။ သို့သော်လည်း ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် တစ်ခုသည် နှစ်သန်းပေါင်းများစွာသော သက်တမ်းဝက် ရှိပြီး ပတ်ဝန်းကျင်ကို ပြင်းထန်စွာ အန္တရာယ်ပေးနိုင်သည်။ နျူးကလီးယားစက်ရုံမှ ယူရေနီယမ် (U) နှင့် ပလူတိုနီယမ် (Pu) တို့ကို အသုံးပြုသော ဖြစ်စဉ်များတွင် အိုင်အိုဒင်း၏ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် များဖြစ်ပေါ်လာပါက လေထဲသို့သာ ရောက်သွားပေမည်။ ကိုးကား
|
Portal di Ensiklopedia Dunia