ရူသာဖော်ဒီယမ်
ရူသာဖော်ဒီယမ် (Rutherfordium) ဒြပ်စင်သည် ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားသည့် ဒြပ်စင်တခုဖြစ်ပြီး ၎င်းကို ဓာတ်ခွဲခန်း၌သာ ဖန်တီးထုတ်ယူ ရရှိ်နိုင်သည်။ ၎င်း၏သင်္ကေတမှာ Rf ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၀၄ ဖြစ်သည်။ ၎င်း၏ အတည်ငြိမ်ဆုံး အိုင်ဆိုတုပ် အမှတ်စဉ်မှာ 265Rf ဖြစ်၍ ခန့်မှန်းခြေအားဖြင့် သက်တမ်းဝက် (half-life) မှာ ၁၃ နာရီဖြစ်သည်။ ၎င်း၏ လွှမ်းမိုးမှုများသော ဓာတ်တိုးကိန်း (oxidation number) မှာ +၄ ဖြစ်ပြီး RfC62- ကဲ့သို့ရှုပ်ထွေးသော ဓာတ်ပေါင်းများကို ဖြစ်ပေါ်စေသည်။ Rutherfordium ဒြပ်စင်၏ အမည်သည် နျူကလီးယားရူပဗေဒ (nuclear physics) ဘာသာရပ်၏ ဖခင်ဟု လူသိများသော အမေရိကန်သိပ္ပံပညာရှင် Emest Rutherford ဂုဏ်ပြုသောအနေဖြင့် သတ်မှတ်ခေါ်ဆိုထားခြင်း ဖြစ်သည်။ အသုံးပြုခြင်း၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။ သဘာဝမှာတွေ့ရှိမှုအခြေအနေ၎င်းဒြပ်စင်ကို သဘာဝတွင် မတွေ့ရှိနိုင်ပဲ ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သည်။ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် လူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ ပတ်ဝန်းကျင်သို့သတ်ရောက်မှုများRutherfordium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၁၀ မိနစ်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်းကျင်သို့ သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရန်မလိုပါ။ ကိုးကား
|
Portal di Ensiklopedia Dunia