ပယ်လေဒီယမ်
ပယ်လေဒီယမ် (Palladium)ကို ပလက်တီနမ် သတ္ထုအုပ်စု(PGM) တွင် rhodium,(Rd), ruthenium (Ru), osmium,iridium စသည့် သတ္ထုများနှင့် ရောစပ်တွေ့ရှိနိုင်ပြီး အရောင်စိုသော ငွေဖြူရောင် သတ္ထုတစ်မျိုးဖြစ်သည်။ မျက်နှာပြင်မှာ သုံးမြှောင့်ပုံဆောင်ခဲ ပုံစံရှိပြီး သာမန် အပူချိန်တွင် အညှိတက်ခြင်း (oxidation)နှင့် အက်စစ်နှင့် ဓာတ်ပြုခြင်းများအား ကောင်းစွာ ကာကွယ်နိုင်သော ဂုဏ်သတ္တိရှိသည်။ ၎င်းသည် နိုက်ထရစ် အက်စစ်နှင့် ဟိုက်ဒရိုကလိုရစ် အက်စစ်များတွင် ပျော်ဝင်နိုင်ပြီး များသောအားဖြင့် ဒြပ်ပေါင်းပုံစံအဖြစ် တွေ့မြင်နိုင်သည်။ အထူးသဖြင့် ဆားအဖြစ်ဖြင့် ရောနှောစွာ တွေ့မြင်နိုင်ပြီး ထူးခြားသော ဝိသေသတစ်ခုမှာ ဟိုက်ဒရိုဂျင်အား ကောင်းစွာ စုပ်ယူနိုင်ခြင်း ဖြစ်သည်။ ၎င်း၏ပမာဏအရ အကြိမ်ပေါင်း ၉၀၀ကျော်စုပ်ယူထိန်းသိမ်းထားနိုင်သည်။ အသုံးပြုခြင်းအညှိတက်ခြင်း (Oxidation) ဖြစ်ခြင်းမှ ကောင်းစွာ ကာကွယ်နိုင်သောကြောင့် ပယ်လေဒီယမ်ကို သတ္ထုစပ်အနေဖြင့် ဗို့အားနည်း လျှပ်စစ်ပစ္စည်းများတွင် လျှပ်ကူပစ္စည်းအနေဖြင့် အသုံးပြုပါသည်။ တန်ဖိုးကြီး လက်ဝတ်ရတနာများ ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ အထူးသဖြင့် ရွှေဖြူပြုလုပ်ရာတွင် အသုံးပြုပါသည်။ ၎င်းအပြင် ပလက်တီနမ် အစားထိုးပစ္စည်းအနေဖြင့်လည်း အသုံးပြုနိုင်သည်။ လက်ပတ်နာရီ၊ သတ္ထုကွိုင်၊ ဘီးဝင်ရိုးထိန်းများနှင့် သိပ္ပံဆိုင်ရာ ကိရိယာပစ္စည်းများတွင် အလင်းပြန်ပစ္စည်း အဖြစ် ပယ်လေဒီယမ်ကို အသုံးပြုကြသည်။ ၁၉၉၀ ပြည့်နှစ်များက ပလက်တီနမ်ကို စွမ်းအင်နည်းပညာများတွင် အဓိက ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသော်လည်း ယနေ့အချိန်တွင် ပယ်လေဒီယမ်၏ ပလက်တီနမ်ထက် အားသာသော ဂုဏ်သတ္တများပါရှိခြင်းကြောင့် ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီဖြစ်သည်။ သို့သော်လည်း ပလက်တီနမ်မှာ အရေးကြီးသော အခန်းကဏ္ဍမှ ဦးဆောင်နေဆဲပင် ဖြစ်သည်။ ယနေ့ခေတ်တွင် တယ်လီဗေးရှင်း၊ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများတွင် လျှပ်စစ်ပစ္စည်း (capacitors) အနေဖြင့် တစ်နှစ်လျှင် ဘီလီယံ ၄၀၀ကျော် အထိ ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမိုကျယ်ပြန့်စွာ အသုံးပြူလာကြသည်ကို တွေ့ရှိရသည်။ ၎င်းအပြင် ဆေးဘက်ဆိုင်ရာများတွင် သွားတုများအဖြစ် ရွှေ၊ ငွေ၊ ကြေးတို့နှင့် ရောစပ် အသုံးပြုကြသည်။ သဘာဝတွင် တွေ့ရှိရမှုအခြေအနေသဘာဝတွင် ပယ်လေဒီယမ်ကို သီးသန့်အနေဖြင့် ၎င်းပယ်လေဒီယမ်ပါဝင်မှု ပေါကြွယ်ဝသော သတ္ထုများထွက်ရှိရာ ဘရာဇီးလ်နိုင်မှ ထုတ်ယူရရှိနိုင်သည်။ သို့သော် ၎င်းကို နီကယ်လ် ဒြပ်စင်အား ခွဲထုတ်ခြင်းဖြင့်သာ ရရှိနိုင်သည်။ ဩစတြေးလျ၊ ဘရာဇီးလ်၊ ရုရှား၊ အီသီယိုးပီးယား၊ တောင်အမေရိကနှင့် မြောက်အမေရိက တို့တွင် ပလက်တီနမ် သတ္ထုအုပ်စုများနှင့်အတူ တူးဖော်ရရှိနိုင်ပြီး ကနေဒါနှင့် တောင်အာဖရိက နိုင်ငံများတွင် နီကယ်၊ ကြေးနီတို့နှင့်အတူ တူးဖော်ရရှိနိုင်သည်။ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများပယ်လေဒီယမ်ကို အဆင့်နိမ့်အဆိပ် ဖြစ်စေနိုင်သော သတ္ထုအဖြစ် သတ်မှတ်နိုင်ပြီး မျက်စေ့၊ အရေပြားတို့ကို ယားယံကျိန်းစပ်စေနိုင်သည်။ ပယ်လေဒီးယမ်အရည်မှာ အရေပြားကို လောင်ကျွမ်းစေနိုင်သောကြောင့် ကိုင်တွယ်ရာတွင် သတိပြုကိုင်တွယ်သင့်ပါသည်။ အကယ်၍ မျက်လုံး၊ မျက်နှာကဲ့သို့ နုးညံ့သော ကိုယ်အင်္ဂါများနှင့် ထိတွေ့မိလျှင် ရေများများနှင့် ဆေးကြောပစ်ရန် လိုအပ်ပါသည်။ ပယ်လေဒီယမ်ဒြပ်ပေါင်းများ အားလုံးသည် အဆင်မြင့် အဆိပ်များ ဖြစ်သောကြောင့် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သည်။ ပယ်လေဒီယမ် ကလိုရိုဒ်အား သောက်မိခြင်း၊ အရေပြားနှင့် ထိမိခြင်းနှင့် ရှူရှိက်မိခြင်းများ ပြုလုပ်မိပါက ရိုးတွင်းခြင်ဆီ ပျက်စီးစေနိုင်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ခြင်း စသော ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်းကို လက်တွေ့ခန်းတွင် တိရစ္ဆာန်များဖြင့် စမ်းသပ်ခြင်းဖြင့် ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် ပယ်လေဒီယမ် ကလိုရိုက်ကို ပမာဏအနည်းငယ် ဖြစ်သော ဝ.၀၆၅ ဂရမ်ခန့်ကို နေ့စဉ် သောက်ပေးပါက တီဘီရောဂါကို ကာကွယ် နိုင်သည်။ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများပယ်လေဒီယမ်သည် ကန့်သတ် ပစ္စည်း အမျိုးအစားဖြစ်သောကြောင့် ခွင့်ပြုချက် တစ်စုံတရာမရှိပဲ ထုတ်လုပ်ခွင့်မပြုပါ။ အချို့သောမြေဆီလွှာ အမျိုးအစားများတွင် ပမာဏအနည်းငယ်ကို တွေ့ရှိနိုင်ပြီး သစ်ရွက်များတွင်လည်း ပမာဏ အနည်းငယ်ကို တွေ့မြင်နိုင်သည်။ လေ့လာစမ်းသမ်းချက်များအရ အပင်များ၏ ကြီးထွားမှုနှုန်းသည် ပယ်လေဒီယမ် ဆား (၃ppm) နှင့်အထက် လိုအပ်သော်လည်း ရေဓာတ်ပါဝင်မှုများသော water hyacinth ကဲ့သို့ အပင်မျိုးစိတ်များမှာ ခံနိုင်ရည်မရှိပဲ သေဆုံးသွားသည်ကို လေ့လာတွေ့ရှိရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia