မန်ဒယ်လီဗီယမ်
မန်ဒဲလီဗီယမ် (အင်္ဂလိပ်: Mendelevium) သည် ဓာတ်ခွဲခန်းမှသာထုတ်ယူရရှိနိုင်သည့် ပထမမြောက် ဒြပ်စင်ဖြစ်သည်။ ဘားကလေး (Berkekey) ဓာတ်ရောင်ခြည်ဓာတ်ခွဲခန်း၌ ၆၀ လက်မ ဒြပ်မှုန်အရှိန်မြင့်စက် (60-inch cyclotron) အတွင်း 253 Es အား ဟီလီယန် (helium) အယ်လဖာ ဒြပ်မှုန် နှင့်တိုက်ခိုက်စေခြင်းဖြင့် 256Md ကိုထုတ်လုပ်ခဲ့သည်။ ၎င်း၏သက်တမ်းဝက် (half life)သည် ၇၆ မိနစ် ရှိပြီး၊ 258Md သက်တမ်းဝက်(half life) သည် ၅၂ ရက် ရှိသည်။ မန်ဒဲလီဗီယမ် ၏ ဓာတုဗေဒဆိုင်ရာ အချက်အလက်များမှာ ၎င်း၏ အက်တမ်အမှတ်စဉ် (Atomic Number)၊ သက်တမ်းဝက် (half life) နှင့် အိုင်ဆိုတုပ်စ် (isotopes) များကြောင့် ကန့်သတ်ချက်များရှိသည်။ ၎င်း၏အိုင်ဆိုတုပ်စ် အကွာအဝေးမှာ ၂၄၄ မှ ၂၆၁ အထိရှိသည်။ မန်ဒဲလီဗီယမ် ကို Periodic table ကို ပထမဆုံးတီထွင်ခဲ့သူ ရုရှားသိပ္ပံပညာရှင် မန်ဒဲလီးယပ်ဖ်အား ဂုဏ်ပြုနာမည်ပေးထားခြင်း ဖြစ်သည်။ အသုံးပြုခြင်းပြောင်းလွယ်ပြင်လွယ် ရှိသော ဒြပ်စင်ဖြစ်သောကြောင့် စီးပွားရေး နှင့် အခြား နေရာများအားလုံးတွင် အသုံးပြုနိုင်ခြင်း မရှိသေးပေ။ ပတ်ဝန်းကျင်တွင်တွေ့ရှိရမှုအခြေအနေပြောင်းလွယ်ပြင်လွယ် ရှိသော ဒြပ်စင်များသည် သဘာတွင်မတည်ရှိသည့်အပြင် အလွန်မတည်ငြိမ်သော nuclei ဖြစ်ကြောင်း တွေရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ရှာတွေ့ရန်ခက်ခဲသည်။ ကျန်းမာရေးအပေါ် သက်ရောက်မှုများမန်ဒဲလီဗီယမ်သည် သဘာဝတွင် ဖြစ်တည်ခြင်း မရှိသည့်အပြင် ကမ္ဘာ့မျက်နှာပြင်လွာတွင် လဲမတွေ့ရပေ။ ထို့ကြောင့် ၎င်း၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို ထည့်တွက်စရာမလိုပေ။ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများမန်ဒဲလီဗီယမ်သည် သဘာဝတွင် ဖြစ်တည်ခြင်း မရှိသည့်အပြင် ကမ္ဘာ့မျက်နှာပြင်လွာတွင် လဲမတွေ့ရပေ။ ထို့ကြောင့် ပတ်န်းကျင်အပေါ် သက်ရောက်မှုများကို ထည့်တွက်စရာမလိုပေ။ ကိုးကား
|
Portal di Ensiklopedia Dunia