ဒမ်စတဒ်တီယမ်
ဒမ်စတဒ်တီယမ် (Darmstadtium) ဒြပ်စင်သည် ဒြပ်စင်အလှည့်ကျဇယား (periodic table) ၌ ဓာတ်ခွဲခန်းမှထုတ်ပေါ်ရရှိသော ဒြပ်စင်တခုအဖြစ် တည်ရှိသည်။ ၎င်း၏သင်္ကေတမှာ Ds ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) ၁၁၀ ဖြစ်သည်။ ၎င်းသည်အလွန်မြန်စွာပြိုကွဲပျက်စီးတက်သောဒြပ်စင်တစ်ခု ဖြစ်သောကြောင့် ၎င်း ဒြပ်စင်၏ isotopes of mass အမှတ်စဉ် (၂၇၉ မှ-၂၈၁ ထိ) တို့၏ သက်တမ်းဝက်(half-life) ကာလတည်ရှိမှုကို မိုက်ခရိုစက္ကန့်ဖြင့်သာ တိုင်းတာနိုင်သည်။ အသုံးပြုခြင်း၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။ သဘာဝမှာတွေ့ရှိမှုအခြေအနေ၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကိုလေ့လာရန်မဖြစ်နိုင်ပါ။ ပတ်ဝန်းကျင်သို့သတ်ရောက်မှုများDarmstadtium ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ဝ.၁ မီလီစက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။ ကိုးကား
|
Portal di Ensiklopedia Dunia