ဖလရိုဗီယမ်
ဖလရိုဗီယမ် ဒြပ်စင်သည် အလွန်လေးလံသော ဒပ်စင်အမျိုးအစားဖြစ်ပြီး ဓာတုသင်္ကေ Fl အက်တမ်အမှတ်စဉ် ၁၁၄ ဖြစ်သည်။ ရေဒီယိုသတ္တုကြွမှုအလွန်ကောင်းကာ လူလုပ်ဒြပ်စင်တမျိုးဖြစ်သည်။ ဤဒြပ်စင်ကို ၁၉၉၈ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည် ရုရှားနိုင်ငံ နျူကလီးယားလေ့လာရေးတက္ကသိုလ်တခုဖြစ်သည့် ဖလာရော့ဗ်ဓာတ်ခွဲခန်းအား ရည်စူး၍ အမည်ပေးထားခြင်းဖြစ်သည်။ ဖလရိုဘီယမ် ဒြပ်စင်သည် Lead(Pb) နှင့် Tin(Sn) ဒြပ်စင်များ၏ဂုဏ်သတ္တိများနှင့်တူညီနိုင်မည်ဟုခန့်မှန်းမျှော်လင့်ထားကြသည်။ Plutonium(၂၄၄)ကို Clacium(48)၏ပြင်းထန်းသော ရောင်စဉ်တန်းများနှင့်ချိန်ရွယ်တိုက်ခိုက်ပြိုကွဲစေခြင်းအားဖြင့် ၎င်းဒြပ်စင်ကိုဖန်းတီး ထုတ်ယူနိုင်သည်။ ![]() အသုံးပြုခြင်း၎င်းဒြပ်စင်အကြောင်းကို အနည်းငယ်သာသိရှိထားပြီး အသုံးပြုနိုင်ရန် နည်းလမ်းတစုံတရာမသိရှိသေးပါ။ သဘာဝမှာတွေ့ရှိမှုအခြေအနေ၎င်းဒြပ်စင်ကို ဓာတ်ခွဲခန်းအတွင်းမှသာ ထုတ်ယူနိုင်သောကြောင့် မြေကြီးပေါ်တွင်သဘာဝအတိုင်းလုံဝ မတွေ့ရှိနိုင်ပါ။ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ၎င်းဒြပ်စင်သည် အလွန်မတည်မြဲသောဒြပ်စင် ဖြစ်သည်။ ၎င်းဒြပ်စင်ဖြစ်ပေါ်ပြီး အလွန်လျင်မြန်စွာ အခြားဒြပ်စင်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားသောကြောင့် ၎င်းဒြပ်စင်မှလူသားတို့၏ ကျန်းမာရေး အပေါ်အကျိုးသက်ရောက်မှုကို လေ့လာရန် မဖြစ်နိုင်ပါ။ ပတ်ဝန်းကျင်သို့ သတ်ရောက်မှုများဖလရိုဗီယမ် ဒြပ်စင်၏သက်တမ်းဝက်(half-life)သည် ၂၁စက္ကန့်ခန့် အလွန်တိုသောကြောင့် ပတ်ဝန်ကျင်သို့ ၎င်းဒြပ်စင်၏သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားစရာမလိုပါ။ ကိုးကား
|
Portal di Ensiklopedia Dunia