စိုးမင်းကြီးကျောင်းစိုးမင်းကြီးကျောင်းသည် မြင်းကပါရပ် နဂါးရုံဘုရားနှင့် အပယ်ရတနာဘုရားနှင့် မနီးမဝေး ပုဂံမြို့သစ်သို့သွား လမ်းမကြီး နံဘေးတွင် တည်ရှိသည်။ ကျောင်းတည်ဆောက်ပုံပုဂံခေတ်တွင် ဗုဒ္ဓဆိုင်ရာ ပုထိုးစေတီဂူဘုရားများနှင့် ဓမ္မဆိုင်ရာ ပိဋကတ်တိုက်များ သံဃဆိုင်ရာကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ကြလေသည်။ ရဟန်း၊ သံဃာတော်များအတွက် ဥတုသုံးလီပျော်ပိုက် သီတင်းသုံးနေထိုင်ရန် အရိပ်အာဝါသနှင့် ပြည့်စုံသော ကျောင်းများကို သစ်သားဖြင့်လည်းကောင်း၊ အုတ်အင်္ဂတေတို့ဖြင့်လည်းကောင်း ဆောက်လုပ်ခဲ့ကြသည်။ အုတ်နှင့်ဆောက်သော ကျောင်းကို ကုလားကျောင်း ခေါ်၍ ထိုအဆောက်အအုံများကိုသာ ပုဂံ၌ တွေ့ရတော့သည်။ ယင်းကုလားကျောင်းများတွင် ပုံစံသုံးမျိုး ကွဲပြားသည်။
စိုးမင်းကြီးကျောင်း ပုံစံသည် တတိယပုံစံမျိုးဖြစ်သည်။ ပန္နက်ပုံမှာ စတုရန်းဖြစ်သည်။ အရှေ့ဘက်၌ အာရုံခံခန်းမရှိ၍ အနောက်ဘက်၌ နှစ်ထပ်တိုက် ဘုရားဆောင်ရှိသည်။ အလယ်ဗဟို၌ ခန်းမကြီးရှိ၍ တောင်ဘက်မြောက်ဘက် တစ်လျှောက်တွင် အခန်းကျဉ်းကလေးများ ဖွဲ့ထားသည်။ အရှေ့တောင်ထောင့် တနေရာတွင် အမိုးဆီသို့ တက်နိုင်သည့် လှေကားတစ်ခုရှိ၏။ အမိုးသည် သစ်သားဖြင့် ဆောက်လုပ်ထားပြီး ပြန့်နေဟန် ရှိလေသည်။ [၁]
ကိုးကား
|
Portal di Ensiklopedia Dunia